" The Rainbow of Gay's Law ''
🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🏳️🌈🐰 အခန်း ( ၁၂ ) 🐰
ကျောင်းလေးရက်ဆက်တိုက်ပိတ်သောကြောင့် ဝသုန်ဦးတို့အဖွဲ့ အပျော်ခရီးလေး ထွက်လာလေတော့သည်။ ပန်းရောင်ခြယ်၊ ဖြူနုသွေး၊ အေးချမ်း၊ အောင်သူရ၊ ဝသုန်ဦး၊ ကောင်းထက်၊ မြတ်မင်းတို့ အားလုံးပေါင်း ခုနှစ်ယောက်ပါ။ မိသားစု ခရီးသွားကားကြီးနှင့် ခုနှစ်ယောက်သား လာကြလေတော့သည်။ ကားကတော့ ကောင်းထက်ကားပါ ကောင်းထက်တို့က အဆင်ပြေလေသည်။ မိသားစုရဲ့ အဆက်ဆက်လုပ်ကိုင်လာခဲ့သော ခြံလုပ်ငန်းလည်း ရှိသလို လက်ရှိမှာလည်း စီးပွားရေးက အောင်မြင်လေတော့သည်။ အုပ်စုထဲမှာဆို ကောင်းထက်က အဆင်ပြေဆုံးဖြစ်နေလေသည်။
ကောင်းထက်လည်းကားလေးကို ဂရုတစိုက်နဲ့ မောင်းလေတော့သည်။
" ရှေ့နားဆို တောင်ခြေရောက်တော့မယ်နော် '' ပန်းရောင်ခြယ်က ပြောလေတော့သည်။
" အေး ပတ်ဝန်းကျင်လေးက တစ်ဖြည်းဖြည်းနှင့် လှလာတယ် '' အေးချမ်းကပြောလေတော့သည်။
" ဟုတ်တယ်ဟ ပန်းရောင်က အရမ်းတော်တာဘဲ '' ဝသုန်ဦးကပြောလေတော့သည်။
" ပန်းရောင်ကတော်ပေမဲ့ ငါမောင်းပို့တာလေနော် '' ကောင်းထက်က အရွှန်းလေးဖောက်လေသည်။
" မင်းကလဲ ကြံဖန်ပြီး မနာလိုဖြစ်နေပြန်ပြီး မင်းကားက မင်းမမောင်းလို့ ဘယ်သူကမောင်းမှာလဲကွ '' မြတ်မင်းက ပြောလေသည်။
" အေးလေ ငါပြောတာမှားလို့လား ''
" မမှားပါဘူး ကိုကိုရယ် ကားကိုအာရုံစိုက်ပါနော် '' ဖြူနုသွေးကပြောလေသည်။
" ဟဲ့ ကိုကိုတဲ့ ဘုရားဘုရား '' ပန်းရောင်က ပြောလေသည်။
" ဟဲ့ မိန်းမ ငါတို့နှစ်ယောက်က ဆက်စပ်ရင် အမျိုးတော်တယ် ''
" အေးလေ မသိဘူးလား မင်းတို့က '' အောင်သူရကပြောလေသည်။
" ကောင်းထက် ကောင်းထက် မင်းက လျှိုထားတာကိုး '' ဝသုန်ဦးက ပြောလေသည်။
YOU ARE READING
" The Rainbow of Gay's Law " ( Completed )
Fantasy21 ရာစုမှာရှိနေပေမဲ့ တော်ဝင်မိသားစုအဖြစ် ရပ်တည်နေရတဲ့ တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသား ပသေနဒီ ကောဿလမင်းသားခေါ် စစ်မင်းဟုန်ရဲ့ တင်းကြပ်တဲ့တော်ဝင်မိသားစုရဲ့ ဥပဒေကို လိုက်နာနေရင်း ဝသုန်ဦးလို့ခေါ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို ချစ်မိသွားသော်အခါ သူတို့န...