" The Rainbow of Gay's Law " Part ( 10 )

64 8 1
                                    

"The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

      🏳🏴   အခန်း ( ၁၀ )    🏳🏴

   " ပန်းရောင် နင်ကြည့်ပြီးပြီးလား ''

" ဘာကိုလဲ ''

" ကိုဝသုန်ဦးနှင့် မင်းသားလေး တို့ရဲ့ အပုံတွေ cute boy and girl page မှာတက်နေတယ်ဟဲ့ ''

" ဟယ် ဟုတ်ရဲ့လား ''

" ဟုတ်တယ်ဟ ဝင်ကြည့်ကြည့်''

       ဖြူနုသွေး ပြောစကားကြောင့်ပန်းရောင်ခြယ်ရော အေးချမ်းနှင့် အောင်သူရတို့ပါ လာကြည့်ကြလေတော့သည်။

" ဟယ် ဟုတ်သားဟ ''

" အေးဟ ဘယ်သူကများ သတ္တိရှိရှိ ခိုးရိုက်ရဲတာလဲဟ ''

" သတ္တိရှိတာတွေမရှိတာ အပထား ငါကတော့ ဒီမြင်ကွင်းလေးကို သဘောကျတယ် ''

" ဟယ် ဖြူနုရာ နင်ကတော့ လုပ်ပြီး '' အောင်သူရကပြောလေသည်။

" ဟုတ်တယ်ဟ သူတို့နှစ်ယောက်က လိုက့ဖက်တယ် ''

" မယ်မင်းကြီးမ တိုးတိုးပါဟ ငါတို့ခေါင်းပြုတ်မခံချင်သေးဘူးနော် ''

" ဟဲ့ အခုခေတ်မှာ boy to boy တွဲတာ မဆန်းတော့ဘူးဟ ''

" ဒါပေမဲ့ ဟိုကမင်းသားလေးလေ တစ်ချိန်မှာ မိဖုရားဘဲ ရှာရမှာ ''

" မသိဘူးဟာ ငါကတော့ ပေးစားပြီး ''

  " ဟဲ့ ဖြူနု နင်ပြောတော့ နင်အိပ်မက်မှာ မင်းသားရဲ့ကြင်ယာက ငါလေ ဘာလို့ ဝသုန်ဦးပြောင်းသွားတာလဲ ''

" သြော် အဲ့တာကအိပ်မက်လေ အခုက လက်တွေ့ လက်တွေ့ဘဝကပိုနီးစပ်ပါတယ် ဒါပေမဲ့ နင်လည်း ဖြစ်လာနိုင်ပါတယ် ''

" ပေါက်ကရေတွေ မင်းသားလေးက နှစ်ယောက်လုံး ယူရမှာလား ''

" အခုဆိုတစ်ယောက်က ပေါ်လာပြီးလေ ''

" ကိုနွေးမိုးစက်လား ''

" အေးလေ အဲ့တော့ နင်က သူ့အတွက်ဖြစ်နိုင်တာဘဲလေ ''

         ထိုအချိန်တွင် ကြွေရွက်ဝါရောက်လာလေတော့သည်။

" နင်တို့ ဘာပြောနေကြတာလဲ ''

" The Rainbow of Gay's Law " ( Completed )Where stories live. Discover now