[Unicode]
အထက်တန်းကျောင်းကနေ အခန်းနေရာချမှုရလဒ်ကိုကြိုတင်ထုတ်ပြန်လိုက်ပြီလို့ သတိပေးစာပို့ခဲ့တယ်။ ကျောင်းရီက သူ့အမေကို အကျိုးအကြောင်းရှင်းပြပြီးမှ စာရင်းကြည့်ဖို့ကျောင်းကိုဘတ်စ်ကားနဲ့သွားခဲ့တယ်။
"အခန်း(၇)?" ထုတ်ပြန်မှုကိုကြည့်ပြီး ကျောင်းရီ အတော်လေးအံ့အားသင့်သွားခဲ့တယ်။အခန်း(၇)ဆိုတာ အထူးခန်းကြီးလေ, သူဘယ်လိုလုပ် အခန်း(၇)ကိုရောက်သွားရတာလဲ?
"ငါနောက်ဆုံးတော့ မင်းကိုတွေ့ပြီ!" ရင်းနှီးတဲ့အသံတစ်ခုရောက်လာခဲ့တယ် "မင်းက အခန်း(၇)မှာ!"
ကျောင်းရီလှည့်ကြည့်လိုက်တယ်
"ကျဲ! ရှုချန်!"ဖန်ရှုချန် နဲ့ ဝေ့ကျဲက သူ့ကိုကြည့်နေတယ်။ ဝေ့ကျဲက ဖန်ရှုချန်ရဲ့ပခုံးပေါ်မှာမှီနေခဲ့တယ်။ ဒီလိုပုံစံက ကျောင်းရီရဲ့ခွေးအကြီးကြီးကိုသတိရစေတယ်။
ဖန်ရှုချန်က အရမ်းပျော်ရွှင်နေခဲ့တယ် "ကျောင်းရီ! ငါမင်းနာမည်ကိုတွေ့လိုက်ရတယ်။ ငါတို့က အတန်းတူတူပဲ"
ဝေ့ကျဲက မကျေမနပ်ဖြစ်ပြီးအေးစက်စက်ပြောခဲ့တယ် "မင်းက ပြုံးရဲသေးတာလား? သူနဲ့အတန်းတူတူတက်ရတာ မင်းကိုပျော်စေတယ်ပေါ့?"
ဖန်ရှုချန်: "ဘာပဲဖြစ်ဖြစ် အခန်း(၆)ပြီးရင် အခန်း(၇)ပဲလေ...မင်းက ဘာလို့အရမ်းစိတ်ပျက်နေတာလဲ?"
ကျောင်းရီ တစ်ခဏလောက်တွေးတောလိုက်တယ် "ဒုတိယအဆောက်အအုံက တစ်ထပ်စီမှာ အခန်းသုံးခန်းပဲရှိတာလေ"
ပထမထပ်က multimedia classroom, အခန်း(၁,၂,၃)က ဒုတိယထပ်, အခန်း(၄,၅,၆)က တတိယထပ်, ဒါဆို အခန်း(၇)က စတုတ္ထထပ်ပေါ့
ပြောရရင် အခန်း(၆)နဲ့ အခန်း(၇)က အထပ်တစ်ခုစာဝေးတယ်။
ဝေ့ကျဲရဲ့ မျက်နှာအမူအရာက မကောင်းပါဘူး။ ဖန်ရှုချန်က ဒါကိုသတိပြုမိသွားတဲ့အခါ ပြုံးတာရပ်သွားခဲ့တယ်။ ကျောင်းရီက သတိလက်လွတ်ပိုဆိုးအောင်လုပ်လိုက်မိတယ် "အခန်း(၆)နဲ့အခန်း(၇)က ဆန့်ကျင်ဘက်အဆုံးတွေမှာ အဝေးဆုံးပဲ"
ဝေ့ကျဲ သူ့ကိုစိန်းစိန်းဝါးဝါးကြည့်ပါတော့တယ် "မင်းက အခန်း(၇)ကိုဘာလို့ရောက်သွားရတာလဲ?"
YOU ARE READING
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-