Chp(3)

1.1K 252 9
                                    

[Unicode]

    ဆယ်မိနစ်ကြာတဲ့အခါ ကျောင်းရီတစ်ယောက် သူ့အခန်းထဲကစာကြည့်စားပွဲခုံထိပ်မှာထိုင်ရင်း သူ့ရှေ့မှာထိုင်နေတဲ့ထိုင်နေတဲ့ရှဲ့ကျန်ကို ဗလာသက်သက်စိုက်ကြည့်နေခဲ့တယ်။

   ကျောင်းရီအမေက လတ်လတ်ဆတ်ဆတ်ဖျော်ထားတဲ့ဖရဲသီးဖျော်ရည်နှစ်ခွက်ကို ကိုင်ထားပြီး အခန်းထဲဝင်လာခဲ့တယ်။ "အပြင်မှာနေပူတယ်, သားတို့နှစ်ယောက် နေပူထဲလမ်းလျှောက်လာရတာ ရေဆာနေလောက်ပြီ။ "

   ကျောင်းရီ: "......."

  ကျောင်းရီအမေ: "ကလေး, အမေ အလုပ်ပြန်သွားရမယ်။ ဒီနေ့လည်ခင်းမှာ မင်း ရှဲ့ကျန်ကိုအဖော်ပြုပေးလိုက်နော် အမေ ညနေပြန်လာတဲ့အခါ ဒီစာသင်နှစ်ဝက်အစကိုဂုဏ်ပြုပေးဖို့ စားသောက်ပွဲကြီးတစ်ခုပြင်ဆင်ပေးမယ်နော်!"

  ကျောင်းရီရဲ့ကြောင်အနေခြင်းတွေအဝေးလွင့်ထွက်သွားခဲ့တယ် "အဲ့ဒါ မကောင်းဘူး, အမေ။ ရှဲ့ကျန် အိမ်ပြန်မလာရင် သူ့မိသားစုက စိုးရိမ်နေမှာပေါ့။ "

  ကျောင်းရီအမေက ရှဲ့ကျန်ကိုလှမ်းကြည့်ဝောာ့ ရှဲ့ကျန်က တည်ငြိမ်စွာပြောခဲ့တယ် "ကျွန်တော့်မိသားစုက စိတ်ပူမှာမဟုတ်ပါဘူး။ "

  ကျောင်းရီအမေပျော်သွားရတယ် "ဒါဆိုရင် ဒီအန်တီရဲ့လက်ရာကိုမြည်စမ်းပြီးမှ သားပြန်ရမယ်!" နောက်တော့ သူ ခေါင်းလှည့်ပြီး ကျောင်းရီရဲ့ပါးလေးကိုမြန်မြန်နမ်းလိုက်တယ်။ "ကောင်းကောင်းနေနော် ရီရီ, အမေ မကြာခင်ပြန်လာခဲ့မယ်။ "

   အဆုံးမှာတော့ ငါ ငါ့အမေနမ်းတာခံလိုက်ရပြန်ပြီ! 

  ကျောင်းရီမျက်နှာ ရှက်သွေးဖြာသွားရတယ် "အမေ့ကို သား ဘယ်နှစ်ကြိမ်လောက်ပြောရမလဲ? ယောက်ျားနဲ့မိန်းမ‌တွေက တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့ပါးပါးမထိတွေ့သင့်ဘူးလေ!"

   ကျောင်းရီအမေက ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်နဲ့ထွက်သွားပြီး သူ(မ)သားပြောတာကိုမကြားလိုက်ရသလိုဟန်ဆောင်ရင်း "နောက်ကျနေပြီ! တာ့တာနော် ကလေး!"

   ကျောင်းရီ: "....."

   ကျောင်းရီက ကျွီခနဲတံခါးပိတ်သံကိုနားဆင်ပြီးနောက် တံခါးအပြင်ထွက်လာပြီး လေထုကို တာ့တာလို့ပြောပြီးမှ တံခါးလှမ်းပိတ်လိုက်တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Tempat cerita menjadi hidup. Temukan sekarang