[Unicode]
ကျောင်းရီက ထိုရှက်စရာစာကြောင်းများကို မရွတ်ချင်သော်လည်း သူ့အမှား ဖြစ်နေတာကြောင့် သူ အများကြီး အထွန့်မတက်တော့ဘဲ အပြစ်ဒဏ်ကို လက်ခံလိုက်တော့တယ်။
ဒါပေမဲ့ သူ ဒူးထောက်တော့မယ့် အချိန်လည်း ရောက်ရော ရှဲ့ကျန်က သူ့လက်မောင်းကို ကိုင်ပြီး ဆွဲထူလိုက်တယ်။ ရှဲ့ကျန်က တည်ကြည်လေးနက်သော မျက်နှာထားနဲ့ " ငါ့မင်းသမီးလေးက ဘယ်သူ့အတွက်မှ ဒူးထောက်စရာမလိုဘူး။ ဒူးမထောက်ရဘူး။ "
ရှဲ့ကျန်ရဲ့ စူးရှသော မျက်နှာထားကြောင့် သူ လေးလေးနက်နက် ပြောလာတဲ့အခါ အတော်လေးကို ကြောက်စရာကောင်းပေတယ်။
အစမ်းလေ့ကျင့်ခန်းတစ်ခုလုံး တိတ်ကျသွားတယ်။
ကျောင်းရီက မြန်မြန်ဆန်ဆန် နှစ်သိမ့်ပေးလိုက်တယ် " ရှဲ့ကြီးက သူ့ဇာတ်ကောင်ထဲ တကယ် နစ်ဝင်နေလို့ပါ။ အစောနတုန်းက သူ့ပုံစံက အထက်စီးဆန်တဲ့ ဥက္ကဌနဲ့ မတူဘူးလား? သူ မင်းတို့ကောင်တွေကို နောက်နေတာပါကွာ။ " သူ ပြောရင်း ရှဲ့ကျန်ကို တံတောင်နဲ့တွတ်ရင်း " ဟုတ်တယ်မလား? "
ရှဲ့ကျန်ကလည်း သူ့နဲ့ပူးပေါင်းပေးပြီး ပြုံးပြလိုက်တယ်။
လေထုကြီးက ပိုမိုအေးစက်သွားပြီ ^_^
ရှဲ့ကျန် :: "........."
အချိန်တစ်ခုကြာ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ရုတ်တရက် အကြံတစ်ခု ရသွားပြီး ဘာမှမဖြစ်ပျက်လိုက်သလို ဟန်ဆောင်တော့တယ်။ သူ ခေါင်းကိုကုတ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ " ငါတို့တွေ ဒုတိယအခန်းကို လေ့ကျင့်ကြတော့မလား? အဲ့အခန်းတွေ အပြင်အဆင်တွေ အားလုံးပြီးသွားပြီ! "
ဒုတိယအခန်းက ရေသူမမင်းသမီးလေးရဲ့ ညီမလေး မွေးဖွားပြီး နန်းတော်မှာ ကပွဲကျင်းပမှာ။ ဒါကြောင့် အခန်းအပြင်အဆင်က အရောင်စုံ ပလက်စတစ်စက္ကူများနဲ့ လုပ်ထားသော စားစရာများနဲ့ လူတွေပဲ။ ခုံတန်းရှည်ကြီးကို ကပွဲရဲ့ စားပွဲရှည်ကြီးအဖြစ် စီစဉ်ထားတယ်။
အဲ့ဒီနောက် သူတို့တွေ ကပွဲကို စတင်လေ့ကျင့်ကြတယ်။ သိပ်မကြာခင်မှာပဲ ကောင်းကင်ကလည်း မှောင်လာတော့တယ်။ အတန်းမော်နီတာက နောက်ကျနေပြီမလို့ အားလုံး အိမ်ပြန်ကြဖို့ ပြောတော့တယ်။

CZYTASZ
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomansDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-