[Unicode]
နောက်ရက်အနည်းငယ်မှာတော့ ရီဟာဇယ်က အတန်းချိန်ပြီးတာနဲ့ မဖြစ်မနေ စတင်လေ့ရှိပေမဲ့ ပြဇာတ်ရဲ့ တတိယမြောက် ဇာတ်ဝင်ခန်းက ရေသူမမင်းသမီးလေးရဲ့ ညီမငယ်လေး အရွယ်ရောက်လာပြီး သူ(မ)ရဲ့ မင်းသားလေးနဲ့ တွေ့ဆုံတဲ့ အခန်းပဲ။ ရေသူမမင်းသမီးလေးကတော့ ပါစရာမလိုအပ်ပေ။
အဲ့ဒီအစား ရေသူမငယ်လေးကို မင်းသားလေးနဲ့ ချစ်မြတ်နိုးသွားအောင် ညှို့ယူပေးမယ့် စုန်းမအခန်းတော့ပါတယ်။
ကျောင်းရီက သူတို့ရဲ့ ရီယာဇယ်က ဘေးနားကနေ ပေါ့ပေါ့ပါးပါး ကြည့်ရှုနေရင်း တစ်စုံတစ်ခုကို ရှာတွေ့သွားတော့တယ်။
" စုန်းမက အချောဆုံးပဲ။" သူ ဖန်ရှုချန်ကို ပြောပြလိုက်တယ်။
ဖန်ရှုချန်ကလည်း တိုးတိုးလေး ပြန်ပြောတယ် :: "နင့်ကိုယ်နင် ကောင်းကောင်း ထိန်းချုပ်သင့်ပြီနော်။ ဒီရက်ပိုင်းတွေမှာ နင့်မျက်လုံးတွေက ရှဲ့ကျန်ဆီမှာပဲ တစ်ချိန်လုံး ကော်လိုကပ်တွယ်နေတာ"
ကျောင်းရီက လေးလေးနက်နက်ဖြင့် "တကယ်တော့ သူက ငါကိုယ်တိုင် ဝန်ခံထားရတဲ့ ငါ့ထက် ပိုချောတဲ့ တစ်ဦးတည်းသောလူလေ။ "
ဒါပေမဲ့ သူ ဒီနောက်ပိုင်း တကယ်ပဲ အနည်းငယ် စိတ်လှုပ်ရှားနေတာကိုတော့ မငြင်းဆန်ပါချေ။
အဲ့ဒီနောက် သူ့ရဲ့စိတ်လှုပ်ရှားမှုက စတင် ထိန်းချုပ်မရနိုင်တော့ပါဘူး။
စတုတ္ထမြောက် ဇာတ်ဝင်ခန်းကတော့ ရေသူမအငယ်လေးက စုန်းမဆီမှ ဆေးရည်တောင်းပြီး အမြီးကို ခြေထောက်ပြောင်းကာ မင်းသားလေးကို သွားရှာတာကို ရေသူမမင်းသမီးလေး သိသွားတဲ့ အခန်းပဲ။ သူ(မ) ဒေါသပေါက်ကွဲသွားတယ်။ စုန်းမကို သွားရှာပြီး ဘာလို့ ဒီလိုလုပ်ရတာလဲလို့ မေးတယ်။
အတန်းမော်နီတာက ကျောင်းရီကို အကြံပေးတယ် :: " နင်က ဒေါသနဲ့ ပူလောင်ပေါက်ကွဲနေမှာနော် စိတ်လှုပ်ရှားနေရမှာ မဟုတ်ဘူး။ "
ကျောင်းရီကလည်း ရိုးရိုးသားသားနဲ့ " ငါ ဒေါသထွက်ပြနေတာလေ။ "
အတန်းမော်နီတာ :: "ဒါပေမဲ့ နင့်ရဲ့မျက်လုံးတွေက ခဏလောက်ကြာတာနဲ့ စုန်းမရင်ခွင်ထဲ ပြေးဝင်တော့မလို တောက်ပနေတာလေ။ "
YOU ARE READING
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-