Chp(5)

1K 216 7
                                    

[Unicode]

     အရင်အတန်း(၁)က ကျောင်းသားငါးယောက်နဲ့ အထက်တန်းစီနီယာသုံးယောက်တို့က အထူးတန်းကိုစီမံခန့်ခွဲလေတယ်; ဖန်ရှုချန်, အတန်းမော်နီတာ၊ လက်ထောက်မော်နီတာလီရှင်းနဲ့ ကျောင်းရီပဲဖြစ်တယ်။

    ကျောင်းစစတက်ချင်းမှာ လူတိုင်းက အရင်ကထက်ပိုပြီးဣန္ဒြေကြီးကြပါတယ်။ အတန်းပိုင်ဆရာမ ရောက်မလာသေးတာတောင် သူတို့တွေ ကိုယ့်နေရာကိုယ်ထိုင်နေပြီး ပတ်ပတ်လည်ကလူတွေကို အသံတိုးတိုးနဲ့စကားပြောဆိုနေကြတယ်။

   အရင်အတန်းဖော်တွေကတော့ တူတူထိုင်နေကြတာပေါ့။

    လီရှင်း : "....."

    ကျောင်းရီ : "ငါတို့အတန်းထဲက အခြားကျောင်းသားတွေရော မပါဘူးလား? ဖယောင်း ‌ဖယောင်းရော? သူ မလာသေးဘူးလား?"

    အတန်းမော်နီတာက ခေါင်းညိတ်ပြပြီး ပတ်ပတ်လည်လိုက်ကြည့်တော့ ရုတ်တရက် ကျောက်သင်ပုန်းကိုဖြတ်ပြေးလာတဲ့ တည်ကြည်တဲ့မျက်နှာအမူအရာနဲ့ လီရှင်းကိုမြင်လိုက်ရတယ်။ မော်နီတာရဲ့မျက်လုံးအရောင်လက်သွားခဲ့တယ်။ "ဖယောင်း ဖယောင်း! သူ ရောက်လာပြီ!"

    လီရှင်း : "...."

   ကံဆိုးရှာတဲ့လီရှင်းကတော့ မော်နီတာကြီးကသူ့နာမည်ကိုအကျယ်ကြီးအော်လိုက်တဲ့အတွက် စာသင်ခန်းကြီးက ချက်ချင်းတိတ်ဆိတ်သွားပြီး သူ့ဆီအကြည့်ရောက်လာကြတယ်။

   အနီးနားက အတန်းဖော်တစ်ယောက်က လှမ်းမေးလိုက်တယ် "မင်းတို့က အခန်းတူတွေမလား? မင်းတို့ သူ့ကိုဘာလို့ ဖယောင်း‌ဖယောင်းလို့ခေါ်ရတာလဲ?" 

    မော်နီတာကရှင်းပြခဲ့တယ် "သူ့နာမည်က လီရှင်းလေ, ရှောင်ရှင်းလည်းဟုတ်တယ်, အရောင်ခြယ်ခဲတံ ရှောင်ရှင်းလည်းဟုတ်တယ်, ဖယောင်းလည်းဟုတ်တယ်"

    "အို"

    သူတို့အားလုံးနားလည်သွားကြသလို တစ်ပြိုင်နက်ရေရွတ်လာကြပြီးနောက် "ဖယောင်း ဖယောင်း"ကို မော့ကြည့်လာကြတယ်။

    လီရှင်းက လူတိုင်းရဲ့အာရုံစိုက်မှုအောက်မှာ အေးစက်စက်မျက်နှာနဲ့ဝင်လာခဲ့တယ်။ ကျောင်းရီက သတိရှိရှိနဲ့ သူ့ခုံလေးကိုနေရာပေးပြီး အနောက်မှာပြောင်းထိုင်လိုက်တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}حيث تعيش القصص. اكتشف الآن