Chp (15)

529 141 4
                                    

[Unicode]

ကျောင်းရီက တည်ငြိမ်ချင်ယောင်ဆောင်ပြီး တစ်ခါတစ်ခါ မော့ကြည့်တတ်တယ်။ သူက အကွာအဝေးတစ်ချို့ကို ဖန်တီးဖို့ နောက်ပြန်ဆွဲလေ့ရှိပြီး ပြောင်းပြန် U သဏ္ဌာန်ဖြစ်အောင် ခြေလှမ်းတစ်ချို့ နောက်ရွှေ့တတ်တယ်။ ရှဲ့ကျန်က ပြုံးပြုံးလေးနဲ့ လူကြီးလူကောင်းစတိုင် ပုံမှန်အကွာအဝေးဆီ ပြန်ရောက်အောင် ကျောင်းရီကို ပြန်ဆွဲလေ့ရှိတယ်။

ကျေးဇူးမတင်သော ကျောင်းရီ :: မင်း ဟန်ဆောင်နေလိုက် bah..

တကယ်တော့ ရှဲ့ကျန်က လူကြီးလူကောင်းအစစ်ပါ , ဒီအခြေအနေပေါ် နည်းနည်းလေးတောင် အခွင့်ကောင်းမယူဘဲ သူ့လက်ကို ညှစ်ခြင်း ၊ ခါးကို ဆိတ်ခြင်းများလည်း မရှိပေ။ သူက ဇာတ်ကောင် ကာရိုက်တာအတိုင်းပဲ ပြုမူနေသလို  အရမ်း‌ဖြောင့်မတ်နေတယ်။

←_←

နေ့လည်ရီဟာဇယ်က ညအချိန်ထိ ကြာသွားခဲ့တယ်။ ကျောင်းရီက အလျင်အမြန် ပြန်ဖို့ ပြင်တော့တယ်။ ရှဲ့ကျန်ကတော့ အခန်းပန်းပွင့်လေးကို အိမ်ပြန်လိုက်ပို့ဖို့ မရိုးမသား သွားမေးနေတယ်။ ပန်းပွင့်လေးက အမြော်အမြင်ရှိရှိနဲ့ သူ နဲ့ ကျောင်းရီကို လှမ်းကြည့်ပြီးမှ ခေါင်းခါပြလိုက်တယ်။ သူ(မ) ဒုမော်နီတာနဲ့ အိမ်ပြန်မှာလို့ ပြောလိုက်တယ်။ 

ကျောင်းရီက ဒါကိုလည်း ကြားရော သူ့ကျောင်းလွယ်အိတ်ကို လွယ်ပြီး ပြေးတော့တာပဲ။

သူ ထိုကဲ့သို့ ထွက်တောင်မပြေးနိုင်ပါချေ။ နောက်ဆုံးမှာတော့ သစ်ပင်အုပ်ဘေးမှ ဘတ်စကတ်ဘောကွင်းဆီလည်း ရောက်ရော သူ အဖမ်းခံလိုက်ရတာပဲ။

" မင်း ဘာလို့ ပြေးနေတာလဲ?" ရှဲ့ကျန်က ပြောတယ်။ " နည်းနည်းလောက် တူတူလမ်းလျှောက်ကြရအောင်။ "

ကျောင်းရီကတော့ ခေါင်းငုံ့ရင်း လမ်းလျှောက်နေတယ် " အို ဟုတ်ပြီလေ။ "

ရှဲ့ကျန်က အရှိကိုအရှိအတိုင်း ထောက်ပြလိုက်တယ်။ " မင်း လက်တူခြေတူ ရွေ့လျားနေတယ်။"

ကျောင်းရီ ရပ်သွားပြီးနောက် ရှေ့ကို ဆက်လျှောက်ပြန်တယ်။

ရှဲ့ကျန် ခေါင်းခါနေတယ်။ ကျောင်းရီတစ်ယောက် သူ တစ်ပုံစံတည်း လုပ်နေမိတာကို သိပါတယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}حيث تعيش القصص. اكتشف الآن