Chp(19)

324 50 4
                                    

[Unicode]

ကိစ္စတွေအများကြီးက ဒီစာသင်နှစ်ဝက်အတွင်း ဖြစ်ပျက်သွားလိုက်တာများ လက်တစ်ဖျောက်စာလောက်ပဲ ထင်ရတယ်။

နောက်‌ဆုံးစာမေးပွဲ ပြီးလို့ ဆောင်းရာသီပိတ်ရက်အစမှာ ကျောင်းရီက ရှဲ့ကျန်ကို ပြောတယ် :: "ဆောင်းရာသီပိတ်ရက်မှာ ငါ့ကို အများကြီး လွမ်းမနေနဲ့အုံးနော်"

ဒါပေမဲ့ ပိတ်ရက်ရောက်ပြီး ရက်နည်းနည်းလည်း ကြာရော သူ ရှဲ့ကျန်အကြောင်း စတွေးမိလာတယ်။ သူ အမြဲတမ်း ဆော့ချင်နေခဲ့တဲ့ ဂိမ်းကို နောက်‌ဆုံးတော့ ဆော့နိုင်ပြီဆိုပေမဲ့ သူ ပြီးအောင် မဖြေရှင်းနိုင်။ ရှဲ့ကျန်သာ ဒီမှာ ရှိရင် သူ ဒီဂိမ်း ပြီးအောင် ကူဖြေရှင်းပေးနိုင်တယ်။

ကျောင်းရီ ပျင်းလာသလို ရှိတာမို့ သူ ပုံဆွဲစာအုပ်ကို ထုတ်ပြီး ရောက်တတ်ရာရာ လျှောက်ဆွဲတော့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကာရိုက်တာပုံစံလေးတွေက သူ့အတွေးထဲ အချိန်အကြာကြီး ရှိနေတဲ့ -- ရီရီနဲ့ တာ့တာ့ ၊ အရင်တစ်ခါတုန်းက ရှဲ့ကျန်ကို ပေးလိုက်တဲ့ စာရွက်ထဲမှာလည်း သူတို့နှစ်ယောက် ပါတယ်။

¶ ရီရီကတော့ ကျောင်းရီ ရဲ့ 'ရီ' အဓိပ္ပာယ်ကတော့ 1။ တာ့တာ့ကကျ 'ကြီးမားတယ်' လို့ ပြောချင်တာ အဲ့တာ လောင်ရှဲ့ (တစ်နည်း) ရှဲ့ကျန်ပါ¶

ရီရီနဲ့ တာ့တာ့ကြား ဆက်ဆံရေးက ခြေတစ်လှမ်း တိုးသွားပြီ၊ ဒါကြောင့် ကိစ္စအသစ်တွေလည်း အများကြီး ဖြစ်သွားပြီးပြီ အာ...

ကျောင်းရီ ရုတ်တရက် အိုင်ဒီယာ ထွက်လာတယ်၊ ပြီးတာနဲ့ သူ့ပုံဆွဲစုတ်တံကို 'ရွှားရွှားရွှား' လုပ်တော့တယ်။

ပုံပြင်အသစ်က အရင်တစ်ခုရဲ့ ဇာတ်ကြောင်းအဆက်။

ရီရီက တာ့တာ့ကို သူ့ကြမ်းကြမ်းတမ်းတမ်း ညီငယ်လေးတွေကို သွန်သင်ဆုံးမတဲ့အခါ ချစ်ခြင်းမေတ္တာကို သုံးဖို့ သင်ပေးတယ်။ တာ့တာ့က ရီရီရဲ့ စွမ်းရည်ကို ချီးမွမ်းပြီး ရီရီ ရယ်အောင် ကြမ်းပြင်ပေါ် လူးလှိမ့်တော့တယ်။

ရီရီက သူ့ကို လျစ်လျူရှုပြီး သူ လူးလှိမ့်နေတာ မမြင်ချင်ကြောင်း၊ ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ချင်ကြောင်း ပြောလိုက်တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Onde histórias criam vida. Descubra agora