[Unicode]
ရှဲ့ကျန် သတိပြန်ဝင်လာပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တယ် " ကလိမ်ကျတယ်ကွာ။ "
ကျောင်းရီကလည်း စိတ်လှုပ်ရှားစွာ ပြန်ပက်တော့တယ် "မင်းလည်း ဆန္ဒရှိပါတယ်လို့ မြန်မြန်ပြောလေ! "
ရှဲ့ကျန်ကလည်း လိုက်နာပါတယ် :: " ငါ ဆန္ဒရှိပါတယ်။ "
ကျောင်းရီက ငြိမ်းချမ်းရေး သင်္ကေတလေးကို စိတ်လှုပ်ရှားစွာ လုပ်ပြလိုက်တယ်။
ရှဲ့ကျန်က သူ့ဖုန်းကို ထုတ်ပြီး အနည်းငယ် ခါးကုန်းကာ သူတို့နှစ်ယောက်ပုံကို အလျင်အမြန် ရိုက်လိုက်တယ်။ ကျောင်းရီ လက်နှစ်ချောင်း ထောင်နေတဲ့ပုံလည်း ဓာတ်ပုံထဲ ပါသွားတော့တယ်။
ကျောင်းရီက စီခနဲ ထအော်တော့တယ် "ဖျက်! အရမ်းရုပ်ဆိုးတာပဲ! "
ရှဲ့ကျန်က ငြင်းဆိုလိုက်တယ် " ဒီပုံက အမှတ်တရပဲ။ "
ကျောင်းရီ :: " အမှတ်တရ?"
ရှဲ့ကျန် :: ငါ့ရဲ့ လိုက်ပိုးပန်းမှုက နောက်ဆုံး မင်းကို ရနိုင်သွားပြီးတဲ့နောက် မင်းရဲ့တုန့်ပြန်မှု မှတ်တမ်းအစစ်လေ။ "
ကျောင်းရီက ပြန်လည်ချေပတယ် :: " မင်း နောက်လိုက်တာက ငါလေ။ အခုနလေးတင် ငါပဲ အရင်ဝန်ခံလိုက်တာလေ။ "
ရှဲ့ကျန်က ပြုံးရင်း " အရူးလေး "
ကျောင်းရီ :: " ချီးပဲ! ငါလည်း မင်းရဲ့ ရုပ်ဆိုးတဲ့ပုံတွေ ပြန်ရိုက်ပစ်မယ်!"
ဒါပေမဲ့ သူ့မှာ ဖုန်းမပါလာမှန်း မှတ်မိသွားတော့တယ်။
" ကျောင်းက ဖုန်းယူခွင့် မပြုဘူးလေ။ ဒါပေမဲ့ မင်းကျတော့ ယူလာတယ်ပေါ့။ " ကျောင်းရီက မထီမဲ့မြင်နဲ့ "စံပြကောင်းတစ်ခု မဟုတ်ဘူးပဲ။"
ရှဲ့ကျန် :: " ငါဆိုးတာကို မင်းမကြိုက်ဘူးလား?"
ကျောင်းရီ :: "........."
ကျောင်းရီက အချိန်တစ်ခုကြာ မပီမသ ပြောနေပေမဲ့ ခိုင်ခိုင်မာမာ ပြန်မပြောနိုင်တော့ သူ တင်းမာစွာ ပြောလိုက်တယ် "ငါ မင်းကို ထပ်မပြောတော့ဘူး။ ပြန်ပြီ။ "
ရှဲ့ကျန်က သူ့ကို ပြန်ဆွဲထားတယ် "သွားတော့မလို့လား?"
ကျောင်းရီက သူ့ကိုယ်သူ ကျေနပ်အားရစွာနဲ့ "မင်း ငါ့ကို မပြန်စေချင်ရင် တောင်းပန်လေ "

YOU ARE READING
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-