Chp(2)

1.5K 274 13
                                    

[Unicode]

     ဝေ့ကျဲက ကျောင်းရီ သူလည်းသွားချင်ပြီးတူတူကစားချင်တယ်လို့ပြောတာကြားတဲ့အခါ ခေါင်းခါပြလိုက်တယ် "အလုပ်မဖြစ်ဘူး, ဘယ်သူကမှ မီးသီးမဖြစ်ချင်ကြဘူး"

[မီးသီး- စုံတွဲတွေနှီးနှောဖို့လုပ်ဖို့ကြိုးစားနေပေမဲ့ အခန်းထဲမှာမီးသီးတစ်လုံးရှိတယ်...မင်းတို့အခြေအနေမကောင်းဖြစ်သွားလိမ့်မယ် ]

    ကျောင်းရီပြောစရာစကားမဲ့သွားခဲ့တယ်။ ****! နောက်တော့ သူပြောခဲ့တယ် "မင်းတို့နှစ်ယောက်တူတူရှိလာတာ ဆယ်နှစ်ကျော်ကြာပြီ။ တစ်ယောက်နဲ့တစ်ယောက်မပျင်းရိကြဘူးလား?"

   ဝေ့ကျဲနက်နက်နဲနဲပြောခဲ့တယ် "မင်းနားလည်လာပါလိမ့်မယ်"

   ကျောင်းရီနားမလည်နိုင်သေးပါဘူး "ငါ့မှာ ငယ်သူငယ်ချင်းမရှိဘူး" သူ ငယ်ငယ်တည်းကသူငယ်ချင်းတွေရဲ့အရှုပ်အထွေးတွေကိုနားမလည်နိုင်သေးဘူး။

    ဝေ့ကျဲက ပြုံးရုံသာပြုံးပြီးတိတ်ဆိတ်နေခဲ့တယ်။

    သူတို့စားလို့ပြီးတော့ ကျောင်းစာသင်နှစ်ဝက်ကမနက်ဖြန်စပြီဖြစ်တဲ့အတွက် အိမ်ပြန်ဖို့အချိန်ကျပြီ။ ဝေ့ကျဲနဲ့ဖန်ရှုချန်တို့အိမ်ကသိပ်မဝေးတဲ့အတွက် သူတို့လမ်းလျှောက်ပြန်နိုင်ကြတယ်။ သို့‌ပေမဲ့လည်း သူတို့ ဒီလောက်နီးနီးကပ်ကပ်မလျှောက်နိုင်ကြပါဘူး။ ဝေ့ကျဲက တစ်ခုခုပြောခဲ့တယ်, ဖန်ရှုချန်ကသူ့ကိုရိုက်ပြီး ဝေ့ကျဲက ဖန်ရှုချန်ကိုလှမ်းဆွဲကာမြင်ကွင်းမှပျောက်သွားကြတယ်။

    ကျောင်းရီတစ်ယောက် ခပ်လှမ်းလှမ်းကဖန်ရှုချန်ကြောက်လန့်တကြားအော်သံကိုကြားနေရတယ်။

   ရှဲ့ကျန်: "မင်းဘယ်လိုအိမ်ပြန်မှာလဲ?"

   ကျောင်းရီအတွေးတွေပြန်ရောက်လာခဲ့တယ် "ငါလား? ငါကဘတ်စ်ကားစီးသွားမှာလေ"

   ရှဲ့ကျန်: "ဒါဆို ငါတို့တူတူသွားလို့ရပြီ"

  "မင်းအိမ်ကမနီးဘူးလား?" ကျောင်းရီမေးလိုက်တယ် "မင်း ဘယ်လမ်းကြောင်းကိုစီးမှာလဲ?"

    ရှဲ့ကျန်: "မင်းသွားတဲ့လမ်းကြောင်းဆီငါလိုက်မှာ"

    ကျောင်းရီ: "?"

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Donde viven las historias. Descúbrelo ahora