Chp (11)

693 166 9
                                    

[Unicode]

" ဖြောင်း ဖြောင်း ဖြောင်း! "  ကျောင်းသူကျောင်းသား အားလုံး အတူတကွ လက်ခုပ်တီး ဂုဏ်ပြုကြပြီး သရုပ်ဆောင်ကောင်းကြောင်းလည်း ပြောဆိုကြတယ်။

ကျောင်းရီက ရှဲ့ကျန်ကို ရှက်တက်တက် အကြည့်လေးနဲ့ ကြည့်နေချိန်မှာ ရှဲ့ကျန်က မတ်တပ်ရပ်ပြီး သူ့ဒူးခေါင်းက ဖုန်တွေကို ခါနေလိုက်တယ်။ 

ကျောင်းရီ ပိုပြီးတော့တောင် ရှက်ရွံ့သွားရတယ်။

ကြည့်ရတာ သူတစ်ယောက်တည်း မသက်မသာ ခံစားနေရပုံပဲ။ ရှဲ့ကျန်ကတော့ အရမ်းကို တည်ငြိမ်နေတာပဲ။
     
ရှဲ့ကျန် စကားပြောတော့မယ့်အချိန်မှာ ကျောင်းရီ က ရုတ်တရက် ' ချီးပဲ ' လို့အော်ကာ အစမ်းလေ့ကျင့်ခန်း အပြင်ဖက်သို့ ပြေးထွက်သွားတော့တယ်။

နောက်ဆက်တွဲ ဇာတ်ကြောင်းကို ပျော်ပျော်ကြီး ဆွေးနွေးနေကြတဲ့ ကျောင်းသူကျောင်းသားများလည်း အံ့အားသင့်သွားပြီး ဆွေးနွေးသံတွေ ရပ်တန့်သွားတယ်။

" ငါ လိုက်သွားကြည့်လိုက်မယ်။ " ရှဲ့ကျန်က ကျောင်းရီနောက် ပြေးလိုက်သွားတယ်။

ကျောင်းရီ ဝေးဝေး မပြေးသွားပါဘူး။ စူပုပ်ပုပ် မျက်နှာထားနဲ့ လှေကားထောင့်လေးမှာ ဆောင့်ကြောင့်ထိုင်ရင်း နံရံပေါ် တက်နေတဲ့ အပြစ်ကင်းသော ပုရွက်ဆိတ်လေးတွေကို စူးစူးစိုက်စိုက် ငေးကြည့်နေတော့တယ်။

ရှဲ့ကျန်လည်း သူ့ဆီ ရောက်လာပြီး ဘေးမှာ ထိုင်ချလိုက်တော့ ကျောင်းရီ ချက်ချင်း ထခုန်တော့တယ်။

ရှဲ့ကျန် ပြန်ထရပ်ပြီး ကျောင်းရီကို တိတ်တဆိတ် ငေးကြည့်နေခဲ့တယ်။

ကျောင်းရီ သည်းမခံနိုင်တော့ဘူး "မင်း ငါ့ကို ' ဘာဖြစ်လို့လဲ ' လို့ မမေးတော့ဘူးလား?! " လေသံက ကြောက်မက်ဖွယ်ရာပဲ။

ရှဲ့ကျန်ကလည်း အရမ်း ရိုးရိုးသားသားနဲ့ " ဘာဖြစ်လို့လဲ ? "

ကျောင်းရီက ဒေါသတကြီးနဲ့ " ငါ ဒီ‌ဇာတ်ကြောင်းကို မကြိုက်ဘူး! ငါ တစ်ပတ်ရိုက်ခံရသလို ခံစားရတယ်! ရေသူမ မင်းသမီးနဲ့ စုန်းမကြီးက နောက်ဆုံးမှာ တူတူနေထိုင်သွားကြတယ်တဲ့! လုံးဝကို lilies အဖြစ် ပြောင်းသွားပြီ! မဟုတ်ဘူး! Gay! မဟုတ်သေးဘူး! Lily!

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}حيث تعيش القصص. اكتشف الآن