Chp(7)

829 186 8
                                    

[Unicode] 

   နေ့လည်ခင်း အတန်းလွှတ်ချိန်ရောက်တော့ အခန်း (၆)က အခန်း(၇)ထက် စောစော‌ဆင်းတယ်။ ဝေ့ကျဲက ဖန်ရှုချန်ကို လာစောင့်ခေါ်တဲ့အတွက် သူတို့အခန်းထဲမှာ ဘာဖြစ်နေလည်းဆိုတာ သတိပြုမိသွားတယ်။

  ဝေ့ကျဲ :: "ရှောင်းချန် ငါတို့လည်း ဘတ်စကတ်ဘောကွင်းကို သွားကြည့်ရအောင်"

   ဖန်ရှုချန် ခေါင်းညိတ်ပြလိုက်တယ်။

  အတန်းမော်နီတာ သူတို့စကားဝိုင်းထဲ ချက်ချင်းဝင်ပါလာတယ် "ငါလည်း လိုက်မယ် ငါလည်းလိုက်မယ်!"

   မော်နီတာ လိုက်ရင် ဒုမော်နီတာလည်း လိုက်ရမှာ အသေအချာပင်။ အဲ့နောက် အခန်း(၃)က ကျောင်းသားတိုင်းက ဖယောင်း‌ဖယောင်းကို ချန်မထားသင့်ဘူးဆိုကာ လီရှင်းကိုပါ ဆွဲခေါ်သွားကြတယ်။

   "ဒုတိယနှစ်စီနီယာတန်းက အခန်း(၃)က ဒီအဖွဲ့လေးကို ထောက်ခံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်ကွာ!" မော်နီတာက လက်မြှောက်ရင်း အသည်းပုံလေးလုပ်ပြလိုက်တယ်။

   အဲ့နောက် အထင်ကြီးဖွယ်အဖွဲ့ကြီးက ဘတ်စကတ်ဘောကွင်းဆီ ချီတက်ကြတော့တယ်။

   သူတို့တွေ ကွင်းနားလေးရောက်ရုံရှိသေး ဘတ်စကတ်ဘောတစ်လုံးက လူတစ်ယောက်ရဲ့ခေါင်းဆီ ဦးတည်ပျံသန်းလာတာကို မြင်လိုက်ရတယ်။

    ရှဲ့ကျန်က လက်တစ်ဖက်မြှောက်ပြီး ဘောလုံးကို ဖမ်းလိုက်တယ်။ အမူအရာမဲ့သောမျက်နှာနဲ့ ဘောလုံးလာတဲ့နေရာကို လှမ်းကြည့်လိုက်တယ်။

   "ပထမနှစ် စီနီယာတန်းကပဲ" ဒုမော်နီတာက အေးစက်စက်ပြောလေတယ်။

   ရုပ်ရည်ကြည့်ကောင်းတဲ့ ကျောင်းသားတစ်ယောက်က သူတို့ဆီကို ရန်စသလို စူးစူးရဲရဲစိုက်ကြည့်နေတယ်။

   ကျောင်းသားများနဲ့ ဘတ်စကတ်ဘောအသင်းလည်း ရောက်လာကြတယ်။

   ထိုကျောင်းသားက "ရှဲ့ကျန် မင်း လက်မခံဘူးလား? ဒါဆိုလည်း နှစ်ဖွဲ့စီရွေးပြိုင်ကြရအောင်။ မင်း အချိန်တစ်ဝက်နဲ့ရှုံးလိမ့်မယ်။ မင်းအဖွဲ့တွေကိုတောင် ခေါ်မလာခဲ့နဲ့။ မြန်မြန်လေး ထွက်သွားတော့"

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Where stories live. Discover now