Chp (12)

766 156 8
                                    

[Unicode]

ကျောင်းရီရဲ့ အနမ်းဦးလည်း ဖြစ် ဖိအားပေး နမ်းရှိုက်ခံနေရသလို ဖြစ်လာတော့ ကျောင်းရီ နည်းနည်းကြာတော့ အသက်ရှုကျပ်လာသလို ဖြစ်လာတော့တယ်။

သူ ပုံမှန်ဆို ပါးစပ်ပိတ်ပြီး အသက်ရှုနိုင်ပေမဲ့လည်း ပါးစပ်ပိတ်ဆို့ခံလိုက်ရရင် ဘာလို့ နှာခေါင်းက သူ့အလိုလို အလုပ်မလုပ်တော့တာလည်းဆိုတာ ကျောင်းရီ ဉာဏ်မမှီနိုင်တော့ပေ။

လေကို အမောတကော ရှုနေရတဲ့ ရေနစ်သူတစ်‌ယောက်လိုပဲ။ ကျောင်းရီတစ်ယောက် ရှဲ့ကျန်ကို အလိုလို လက်သိုင်းဖက်ထားလိုက်ပြီး ရှဲ့ကျန် ခံတွင်းထဲက အောက်ဆီဂျင်တွေကို ပြန်စုပ်ယူတော့တယ်။

ရှဲ့ကျန်ရဲ့ နဖူးကြောတွေ ခပ်ကြမ်းကြမ်း ထောင်ထနေပြီး တစ်ကိုယ်လုံးလည်း တောင့်တင်းသွားရတယ်။ ကျောင်းရီကတော့ သူ့နှုတ်ခမ်းတွေကို ဖိကပ်ထားပြီး မိုက်မိုက်မဲမဲ အောက်ဆီဂျင် စုပ်ယူနေတုန်းပဲ။ သည်းခံနိုင်စွမ်း နောက်ဆုံးကြိုးမျှင်လေးကို လွှတ်ချပစ်လိုက်ပြီ ဖြစ်သော ရှဲ့ကျန်တစ်ယောက် ကျောင်းရီခါးကို လက်တစ်ဖက်နဲ့ ရုတ်တရက် ပွေ့ယူလိုက်ပြီး ခြေထောက်နှစ်ဖက်လုံး လေပေါ် မြှောက်သွားစေတယ်။

ဒီတစ်ကြိမ်မှာတော့ ကျောင်းရီရဲ့ နောက်ကျောက နံရံကို အမှီပြုထားတာ မဟုတ်တော့ဘဲ သူ့တစ်ကိုယ်လုံးက ရှဲ့ကျန်ကို ဖက်တွယ်မှီခိုထားတာပဲ ဖြစ်တော့တယ်။

" ခဏလေး " ကျောင်းရီတစ်ယောက် ပူပြင်းလှတဲ့ အနမ်းကို ရှေ့ဆက်ဖို့ လုပ်နေတဲ့ ‌ရှဲ့ကျန် နှုတ်ခမ်းကို အလောတကြီး လှမ်းပိတ်လိုက်တယ် " စောင့်ကြည့်နေတဲ့ မော်နီတာတွေကို သတိထားအုံးဟ။ ငါတို့မိသွားရင် ခွေးဖြစ်သွားလိမ့်မယ်။ " ကျောင်းရီ အမောတကော ပြောတော့တယ်။

ရှဲ့ကျန် မော့ကြည့်လိုက်တယ်။ သူ ထောင့်နားမှာ အေးစက်စက် စောင့်ကြည့်မော်နီတာကို သေချာပေါက် မြင်လိုက်တယ်။

" ငါတို့ကို မမိနိုင်ဘူး။ " ရှဲ့ကျန်က ကျောင်းရီကို နှစ်သိမ့်ပေးတဲ့အနေနဲ့ ငုံ့နမ်းလိုက်တယ်။

ကျောင်းရီက ထိုအခွင့်အရေးကို သုံးပြီး ရှဲ့ကျန်ကို တွန်းထုတ်ကာ ထွက်ပြေးဖို့ ကြိုးစားတော့တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Tempat cerita menjadi hidup. Temukan sekarang