Chp(4)

1K 241 11
                                    

[Unicode]

   ကျောင်းရီက ဝမ်းလျားမှောက်ထားပြီး သူ့ခေါင်းကိုလက်နှစ်ဖက်နဲ့ထောက်ပင့်ထားရင်း သူ့အနောက်က ရှဲ့ကျန်နဲ့စကားပြောနေခဲ့တယ် "မင်း ဘာလို့ ဒီလောက်အနှိပ်တော်ရတာလဲ?"

   ရှဲ့ကျန်: "ငါ့အမေကြောင့်ဖြစ်မယ်။ သူ(မ)က တရုတ်ရိုးရာသမားတော်လေ။ "

   ကျောင်းရီ သက်ပြင်းချလိုက်တယ် "မင်းအမေက အရမ်းကောင်းတာပဲ။ ငါ့အမေကိုကြည့်ကြပါအုံး, ဟီးဟီး"

   ရှဲ့ကျန် အချိန်တစ်ခုလောက်တိတ်ဆိတ်နေခဲ့တယ် "အန်တီက အရမ်းသဘောကောင်းပါတယ်; ငါ့အမေ....သူ(မ) ကွယ်လွန်သွားပြီ။ "

   ကျောင်းရီက အလွန်အံ့အားသင့်သွားတယ်။ ရှဲ့ကျန်က သူ့ကိုဆက်လက်နှိပ်နေပေးနေဆဲဖြစ်တယ်။ ကျောင်းရီ အချိန်အတော်ကြာစဉ်းစားနေပြီးမှ ရှဲ့ကျန်ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ သူ မသိတော့ပေ။ "တကယ်တော့ ငါ့အဖေလည်း ကွယ်လွန်သွားပြီ။ ငါတို့က ‌တစ်လှေတည်းစီးနေကြတဲ့သူတွေပဲ; ဟားဟားဟား"

  သူ ခြောက်ကပ်ကပ်နဲ့မူမမှန်စွာရယ်လိုက်တယ်။

   ရှဲ့ကျန်: "....."

   ကျောင်းရီ: "....."

  သူတို့နှစ်ယောက်လုံး အချိန်တစ်ခုလောက်ဘာပြောရမှန်းမသိ ဆွံ့အသွားခဲ့တယ်။

  ရှဲ့ကျန်က ကျောင်းရီတင်ပါးကို ရိုက်လိုက်တယ် "‌ငါပြီးပြီ။ ငါ လက်သွားဆေးတော့မယ်။ "

   လေထုအခြေအနေက တိုးတက်လာပြီး သူတို့တွေ နောက်တစ်ဖန်သဟဇာတဖြစ်လာကြတယ်။

   ရှဲ့ကျန်က ကျောင်းရီကို ဝမ်းလျားမှောက်နေရာကနေ ပြန်လှည့်ပေးလိုက်တယ်။ အဲ့နောက် သူ့လက်တွေကိုဆေးဖို့ ရေချိုးခန်းထဲဝင်သွားခဲ့တယ်။

    ကျောင်းရီက အိပ်ရာပေါ်မှာလှဲနေပြီးမှ ပျင်းပျင်းရိရိထထိုင်ကာ တင်ပျဉ်‌ခွေထိုင်နေခဲ့တယ်။ သူ့ဆံပင်ကရှုပ်‌ပွနေပြီး ငှက်သိုက်လိုပဲ။

   ထိုအချိန်မှာ ရေကျသံလည်းရပ်သွားပြီး ရှဲ့ကျန် လှမ်းမေးလာခဲ့တယ် "မင်းမှာ လက်သုတ်ဝတ်ရှိလား?"

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Onde histórias criam vida. Descubra agora