Chp(6)

835 186 7
                                    

[Unicode]

     ကျောင်းရီက 211ရဲ့အဓိပ္ပာယ်ကို ဆက်ပြီးခန့်မှန်းခြင်းမပြုတော့ပေ။ သူက သူ့ရဲ့နာမည်ကို 985လို့ပြောင်းလိုက်တယ်။ "ဒါဆို ငါ မင်းကိုအောက်မှာဖိထားနိုင်ပြီ ဟားဟား"

     ရှဲ့ကျန်: "...."

    ရှဲ့ကျန်တစ်‌ယောက် ဒီ 211နာမည်ပြောင်ခေါင်းစဉ်ကြီးနဲ့ စကားရည်ဆက်မလုချင်တော့ပေ။

    ရှဲ့ကျန်: "မနက်ဖြန် ကျောင်းမှာ ငါ မင်းကိုစောင့်နေမယ်။ ဘယ်သူက ဘယ်သူ့ကိုအောက်ပို့နိုင်ပြီး ဘယ်သူက အောက်မှာအဖိခံရမလားဆိုတာ ကြည့်ကြသေးတာပေါ့"

    ကျောင်းရီ : "ဘတ်စကတ်ဘောမှာလား? ကောင်းပြီ! ငါလက်ခံတယ်!"

   ရှဲ့ကျန်: "ဘတ်စကတ်ဘောအသင်းလည်း လာမယ်လေ, အဆင်ပြေတယ်မလား?"

  ကျောင်းရီ: "အင်း အင်း! ဒါနဲ့ ဒီနေ့ အတန်းပိုင်ဆရာမက မင်းကို ဘာအကြောင်းပြောဖို့ခေါ်ထားတာလဲ?"

   ရှဲ့ကျန်: "ဘတ်စကတ်ဘောအသင်းအကြောင်းပါ။ အောက်တိုဘာမှာ မြို့မှာ ဘတ်စကတ်ဘောကလပ်တစ်ခုဖွဲ့စည်းကြမှာလေ။ ငါက ခေါင်းဆောင်ဆိုတော့ အတန်းပိုင်ဆရာမက ငါ့ကို ဘတ်စကတ်ဘောအသင်းကနုတ်ထွက်စေချင်နေတာ"

   ကျောင်းရီ ရပ်တန့်သွားပြီး စာရိုက်တာလည်းနှေးသွားတယ်။ "မင်းကို ဘာလို့နုတ်ထွက်စေချင်ရတာလဲ?"

   ရှဲ့ကျန် :: "ငါ့ရဲ့စာလေ့လာမှုကို ထိခိုက်မှာစိုးလို့တဲ့။ အထက်တန်းဒုတိယနှစ်မှာ ငါတို့တွေက စာကိုပိုပြီးအာရုံစိုက်ရမယ်လို့ ဆရာမက ပြောတယ်။"

   ကျောင်းရီ နှလုံးသားလေးနာကျင်သွားရတယ် "ဒါဆို မင်းဘာပြန်ပြောလိုက်လဲ?"

   "ငါ မင်းကို ပြိုင်ပွဲပြီးရင်ပြောပြမယ်"

   ရှဲ့ကျန်က ဒီပြိုင်ပွဲပြီးရင် နုတ်ထွက်ဖို့ဆုံးဖြတ်ပြီးသွားပြီပဲ။

   ကျောင်းရီလည်း ရှဲ့ကျန်ရဲ့သဘောထားကိုနားလည်သွားပြီဖြစ်တဲ့အတွက် နည်းနည်းတော့ဗျာများနေမိတယ်။

   ရှဲ့ကျန်: "အသင်းကို မနက်ဖြန် မပြောနဲ့ဦးနော်။ သူတို့ စိတ်ရှုပ်သွားမှာစိုးတယ်။ ဘတ်စကတ်ဘောမှာ ကောင်းကောင်းကစားနိုင်ဖို့က အဖွဲ့သားတစ်ဦးစီတိုင်းရဲ့အရည်အချင်းတွေပေါ်မှာမူတည်တယ်။ "

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Where stories live. Discover now