Chp (10)

600 159 4
                                    

[Unicode]

အဆုံးမှာတော့ ကျောင်းရီ တကယ်ကို သည်းမခံနိုင်တော့ပါပေ။ သူ လူအုပ်ကြီးအလယ်မှာ တစ်ဦးတည်း ထင်းထွက်နေတဲ့ ရှဲ့ကျန်ကို မျက်လုံးများနဲ့ အစွမ်းကုန် အရိပ်အခြည် ပြနေတာတောင် အဲ့ကောင်က သူ့မျက်လုံးအဓိပ္ပာယ်ကို နားမလည်သယောင်နဲ့ လာတောင် မကယ်ဘူးလေ။

ကျောင်းရီ :: " ငါက မိန်းကလေးမှ မဟုတ်တာ။ ဘယ်လိုလုပ် ရေသူမ ဖြစ်နိုင်မှာလဲဟ? "

အခန်းရဲ့ ပန်းပွင့်လေး :: " ဒါပေမဲ့ နင်က ရေသူမတစ်‌ယောက် အနေနဲ့ သရုပ်ဆောင်ဖို့ လိုအပ်ချက်တွေ ကိုက်ညီနေတယ်လေ "

ကျောင်းရီ :: " ဘာလိုအပ်ချက်လဲ? "

ပန်းပွင့်လေး :: " လှပမှု အာ~ "

ကျောင်းရီ :: "........." ကျောင်းရီ သူ(မ)ကို ခြိမ်းခြောက်လိုက်တယ် " ငါ တကယ် စိတ်ဆိုးလာပြီနော်! "

ပန်းပွင့်လေးက သူ့ကို တည်တည်ငြိမ်ငြိမ် သိမ်းသွင်းတော့တယ်။ " ရေသူမလေး ဇာတ်ကားမှာ ရေသူမလေးရဲ့ ညီအစ်မတွေ စုန်းရဲ့ ကတ်ကြေးကြောင့် ဆံပင်ပုံစံ ချိန်းသွားတဲ့ အခန်းပါတယ်လေ? ငါတို့အတန်းက ကျောင်းသူအားလုံးက ဆံပင်ရှည်ကြတယ်လေ။ ဘာလည်း သူတို့ကို ဒီပြဇာတ်ကဖို့ ဆံပင်ညှပ်စေချင်တာလား? "

ကျောင်းရီ စောနကတော့ တကယ် စိတ်ဆိုးနေတာ ဖြစ်တယ်။ သူ စကပ်မဝတ်ချင်ပါဘူးဆို! ဒါပေမဲ့ ပန်းပွင့်လေး ပြောတာ အရမ်း ကျိုးကြောင်းသင့်လျော်နေမယ်လို့ သူ မထင်ထားခဲ့ပေ။ သူ ထိုသိမ်းသွင်းစကားကို ကြားတဲ့အခါ မဟုတ်ဘူး, အာ သူက ကျောင်းသူတွေရဲ့ ဆံပင်ရှည်တွေကို တကယ် ညှပ်ခွင့်ပြုစရာလား? ဒါဆို ရေသူမလေးရဲ့ အစ်မကြီးတွေကို ယောက်ျားလေးတွေပဲ သရုပ်ဆောင်လို့ရတာပေါ့။

ရေသူမလေးမှာ အစ်မတွေ တော်တော်များများရှိတာကို ကျောင်းရီ အမှတ်ရလိုက်တယ်။ ‌ဒါဆို သူနဲ့ ကံကြမ္မာတူမယ့် ကောင်တွေ သေချာပေါက်ရှိတာပေါ့။

ကျောင်းရီ အဆင်သင့် လက်ခံလိုက်တယ်။

စာသင်ချိန်တွေ ပြီးသွားပြီး ညနေရောက်တော့ ဒုမော်နီတာနဲ့ အခြား ဇာတ်ညွှန်းရေးမယ့် ကျောင်းသူတို့ ကျောင်းမှာ နေပြီး ပြဇာတ်ရေးကြတယ်။ သူတို့ကလောင်အစွမ်းက မြင့်လွန်းလို့ ထိုညနေမှာပဲ အကြမ်းဖျင်း ပြီးဆုံးသွားပြီး စတင်မိတ်ဆက်ခန်းလည်း ရေးပြီးသွားပြီ။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Where stories live. Discover now