[Unicode]
ကျောင်းရီက ငါးမိနစ်ကြာ သေချင်ယောင်ဆောင်နေတယ်။ သူ့ဘေးက ဖုန်းscreenကလည်း လင်းနေတုန်းပဲ။ ရှဲ့ကျန်က သူ ပြန်မဖြေသေးလို့ ဖုန်းခေါ်တော့တယ်။
ကျောင်းရီက စောင်အောက်ထဲ မြန်မြန်ဝင်ပြီး ခေါင်းကို အုပ်ထားခဲ့တယ်။ မိနစ်ဝက်လောက်ကြာမှ သူ စောင်ပြန်ဖွင့်လာတယ်။ သူ ပျာယာခတ်စွာနဲ့ အိပ်ယာပေါ်က ထလာပြီး အိပ်ချင်မူးတူး ဖုန်းကိုင်လိုက်တယ်။ သူ သမ်းပြလိုက်ကာ နှာသံနဲ့ ပြန်ဖြေလိုက်တယ်။ " ဟယ်လို?"
ရှဲ့ကျန် :: "........."
ကျောင်းရီ :: " ရှဲ့ကြီး ? ငါ အိပ်ပျော်သွားလို့။ ဆောရီး အာ မင်း ငါ့ကိုဘာလို့ ဖုန်းဆက်တာလဲ?"
ကျောင်းရီတစ်ယောက် သူ့သရုပ်ဆောင်စကေးက အရမ်းကောင်းတာပဲလို့ ခံစားနေရတယ်။ အထူးသဖြင့် အစစ်အမှန်နှာသံပဲ။ သူ အိပ်နေတုန်း ဖုန်းသံကြောင့် ရုတ်တရက် နိုးလာတဲ့ပုံစံ တကယ်ပေါက်သွားပြီ။
ရှဲ့ကျန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။ "မင်း ငါ့message ကို ပြန်မဖြေဘူး။ မင်း အိပ်ပျော်သွားလို့ မမြင်လိုက်ဘူးလား? "
" ဟုတ်တယ် , အိပ်ပျော်သွားလို့ ဟွားးး" ကျောင်းရီက သူ့ပါးစပ်ကို ဟပြီး အကျယ်ကြီး သမ်းပြန်တယ်။ " ငါ မတော်တဆ အိပ်ပျော်သွားတာ။ မင်း ဘာတွေ ထပ်ပို့ထားလို့လဲ? "
ရှဲ့ကျန်က ရယ်ရင်း လေသံတိုးတိုးနဲ့ " ငါပြောတာက ငါ မင်းကို ချစ်တယ် , လွမ်းတယ်။ ညဖက် မင်းအိပ်မက်ထဲ ဝင်လာချင်တယ် , ဒါမှ မင်းကို နမ်းလို့ရမယ်။ ပွေ့ဖက်ကြင်နာလို့ရမယ်။ "
ကျောင်းရီက တစ်ဝက်တစ်ပျက် သမ်းနေရင်း ရပ်သွားတော့တယ်။
မင်း အရည်ရွှမ်းတဲ့စကားတွေ သေချာပေါက် မပြောလိုက်ဘူးလေ!
ဒါပေမဲ့ ကျောင်းရီက သူ့messageကို မမြင်လိုက်သလို ဟန်ဆောင်ထားတာဆိုတော့ ရှဲ့ကျန် မဟုတ်တာတွေ ပြောနေမှန်း သိနေရင်တောင် သူ ထောက်ပြဖို့ မဖြစ်နိုင်ပေ။
ကျောင်းရီက တောင့်တင်းစွာ ပြန်ဖြေတယ် "ဟာသလာလုပ်နေတာလား? ဖုန်းချပြီ! " သူ ရှဲ့ကျန် ပြန်ပြောတာကိုတောင် မစောင့်တော့ဘဲ အလျင်အမြန် ဖုန်းချပစ်လိုက်တယ်။
![](https://img.wattpad.com/cover/268516956-288-k178395.jpg)
YOU ARE READING
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-