Chp (9)

624 158 10
                                    

[Unicode]

လှလှပပ ဒီဇိုင်းဆင်ထားသော ဂီတခန်းအသစ်ထဲမှာ အခန်း(၇)မှ ကျောင်းသား‌ ကျောင်းသူများ စင်ပေါ်မှာ ကျောင်းသားနှစ်ယောက် လေးလေးနက်နက် နှစ်ယောက်တွဲ သီဆိုနေတဲ့ နိုင်ငံတော်သီချင်းကို မျက်နှာသေများဖြင့် နားထောင်နေကြလေရဲ့ = . =

တလေးတစား မျက်နှာထားနဲ့ ထိုင်ရမလို ထရမလို အနေအထားဖြင့် ကျောင်းသားတစ်ယောက်

^_^

အခြားသူများ ဒါကို တွေ့တဲ့အခါ သူတို့လည်းပဲ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကြတော့တယ်။

ဒါက သူတို့ ငယ်ငယ်လေးတည်းက ဖြည်းဖြည်းချင်း သွတ်သင်းပေးခဲ့တဲ့ အလေ့အကျင့်တစ်ခုပဲ။ နိုင်ငံတော်သီချင်း ဆိုနေချိန်မှာ မတ်တပ်မရပ်ဘဲ နေတာက မိမိတို့ အမိနိုင်ငံတော်ကို အင်မတန်မှ မလေးစားရာ ရောက်တယ်။

နိုင်ငံတော်သီချင်း ဆိုလို့ပြီးမှပဲ လူတိုင်း စိတ်သက်သာရာရသွားတော့တယ်။ သူတို့ ပြန်ထိုင်ချပြီး စက္ကန့်အနည်းငယ်လောက် အလွန်ကြောင်အနေပြီးမှ ရယ်သံတွေ တန်းစီ‌သွားတော့တယ်။

ကျောင်းရီလည်း ရှဲ့ကျန်ကို စင်အောက် အမြန်ဆွဲချရတော့တယ်။

-----------

အဲ့နေ့ပြီးတဲ့နောက် ကျောင်းရီအပေါ် လူတိုင်းရဲ့
ထင်မြင်ချက်တွေ ပိုမို ရှုပ်ထွေးလာတော့တယ်။

နိုင်ငံတော်အလံကို လွှင့်ထူတဲ့ တင်္နလာနေ့ရောက်‌တိုင်း ဒုတိယနှစ် အခန်း(၆)မှ ကျောင်းသူကျောင်းသားများ အားလုံးနီးပါး ကျောင်းရီကို တစ်ပြိုင်နက်တည်း တိတ်တဆိတ် လှမ်းကြည့်ကြတော့တယ်။

ကျောင်းရီလည်း လူတိုင်းရဲ့ အာရုံစိုက်မှုကို ရဲရဲဝင့်ဝင့် ရင်ဆိုင်တော့တယ်။ T^T

ဒီတစ်ချိန်မှာ ဌာနမှူးက ဒါကိုတွေ့ပြီး စဉ်းစားနေမိတယ်, ဒီအတန်းက ကျောင်းသားကျောင်းသူတွေ နိုင်ငံတော်သီချင်း မဆိုခင် ဘာလို့ အဲ့ကျောင်းသားကို ငေးကြည့်နေရတာလဲ?

ဌာနမှူးက ပထမတန်းမှာ ရပ်နေတဲ့ ကျောင်းသားကို မေးလိုက်တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Where stories live. Discover now