[Unicode]
ရှဲ့ကျန် ချောင်းတစ်ချက်ဆိုးလိုက်တယ်။ အဲ့နောက် ကျောင်းရီနဲ့အတူ ရေလိုက်ငါးလိုက်လုပ်ရင်း မေးလိုက်တယ် "မင်း လေ့ကျင့်လို့ပြီးပြီလား?"
ကျောင်းရီက မူလကထတော့မလို့ဖြစ်ပေမဲ့ ရှဲ့ကျန်ရဲ့အမေးကို ကြားတဲ့အခါ သူသာ ချက်ချင်းကုန်းထလိုက်ရင် လိမ်ဆင်ကြီးပေါ်သွားလိမ့်မယ်လို့ ထင်လိုက်တယ်။
ရှဲ့ကျန်က ကျောင်းရီထတာ စောင့်နေပေမဲ့ ကျောင်းရီက ကျွမ်းဘားကကွက်တွေ ထပ်လုပ်ပြန်တယ်။
ဆန့်ထုတ်ခံထားရတဲ့ ခြေတံများက ရှည်လျားဖြောင့်တန်းနေပေတယ်။
ရှဲ့ကျန် :: "....."
ကျောင်းရီက သူ့ခြေထောက်တွေကို ပြန်ဆွဲပြီး အကြောလျှော့လေ့ကျင့်ခန်း နည်းနည်းလုပ်လိုက်သေးတယ်။ ဟုတ်နေပြီ။
ရှဲ့ကျန် :: "......"
-----------
ကျောင်းရီက စောနတုန်းက ကွင်းထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို မေ့တောင်မေ့သွားလေပြီ "မင်း ငါ့ကိုရှာတာ ဘာကိစ္စလဲ?"
ရှဲ့ကျန် မျက်နှာမည်းမှောင်သွားရတယ် "ဒီမှာ ပြောဖို့ အဆင်မပြေဘူး။ " အဲ့နောက် ကျောင်းရီကို သစ်ပင်တွေနားဆွဲခေါ်သွားတော့တယ်။
ကျောင်းရီမျက်လုံးများက စပ်စုချင်စိတ်အပြည့်နဲ့ တလက်လက်ဖြစ်နေတယ် "ဘာလဲ? ဘာလဲ? ဆိုးသွမ်းတဲ့ကိစ္စတွေ တူတူလုပ်ဖို့ မင်း ငါ့ကိုလာရှာတာလား?"
ရှဲ့ကျန်က ခြေလှမ်းအနည်းငယ်လှမ်းပြီးမှ ရပ်တန့်လိုက်တယ်။ ကျောင်းရီကတော့ သိချင်စိတ်အပြည့်နဲ့ ရှဲ့ကျန်ကို စိုက်ကြည့်နေလေတယ်။
တစ်ဖက်မှာလည်း သက်ပြင်းဖွဖွချလိုက်တယ်။"မင်းမှာ ဓာတ်မတည့်တာရှိတယ်လေ။ မြန်မြန်ပြန်ရအောင်။ ငါတို့ ဒီမှာကြာကြာနေလို့မရဘူး။"
ကျောင်းရီ :: "...…...."
ကျောင်းရီက သူ့ကိုဆက်လက်စိုက်ကြည့်ရင်း "ဒါဆို မင်း ငါ့ကိုပြောစရာရှိတယ်ဆိုတာက?"
ရှဲ့ကျန် :: "ဘာမှမဟုတ်တော့ဘူး။ "
ကျောင်းရီ ခပ်တိုးတိုးမေးလိုက်တယ် "မင်းကြည့်ရတာ ဒေါသထွက်နေပုံပဲ?"
YOU ARE READING
ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}
RomanceDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-5.5.2021 End Date-