Chp(18)

272 48 2
                                    

[Unicode]

ကျောင်းရီက သူ့ကြောင့် အရူးလုပ်မခံပါဘူး။ ကောက်ကျစ်တဲ့ အပြုံးတစ်ပွင့် သူ့မျက်နှာထက် ပေါ်လာတယ် :: "မင်း ရေချိုးနေတုန်း မင်းကွန်ပျူတာမှာ ဘာရှိနေလဲဆိုတာ စစ်ဆေးတော့မှာနော်"

ရှဲ့ကျန်က အမှုမထားပေ :: "passwordက မင်းမွေးနေ့။"

ကျောင်းရီတစ်ယောက် ရှဲ့ကျန်ကွန်ပျူတာကို ယူ , password ရိုက်ထည့်ပြီး E drive ထဲ ဝင်လိုက်တော့ လော့ခတ်ထားတဲ့ folderတစ်ခုကို တွေ့လိုက်ရတယ်။ သူ ကြိတ်ရယ်ပြီး password ရိုက်လိုက်တယ်။ သူ့password မှားနေမှန်း သတိပြုမိလိုက်တယ်။

အကျပ်ရိုက်သွားတဲ့ ကျောင်းရီ သူ့နာမည်ဖျင်းယင်း(pin yin)ကို ရိုက်ထည့်ပြီး ကြိုးစားကြည့်လိုက်တယ်။ ဒီတစ်ကြိမ်မှာ‌တော့ သူ မှန်သွားပြီ။ 

မထင်မှတ်ထားတာက folderထဲမှာ သူ့အကြိုက်ဆုံး ဗီဒီယိုလေးတွေ ရှိမနေဘဲ အဲ့ဒီအစား 2.8Gbနဲ့ ဓာတ်ပုံအပြည့်ရှိနေတယ်။

ကျောင်းရီ စူးစမ်းကြည့်လိုက်တော့ သူ့လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးကွေးသွားရတယ်။

ရှဲ့ကျန်နဲ့ သူ့ပုံတွေ။ ဒိတ်တစ်ခုတည်းက ပုံအားလုံး တစ်ခုပြီးတစ်ခု စီစီရီရီ ဖြစ်နေပေမဲ့ နောက်ဆုံးတစ်ပုံကလွဲ ကျန်တဲ့ဘယ်ပုံမှာမှ သူတို့နှစ်ယောက် frameတစ်ခုတည်းမှာ ရှိမနေဘူး။

သူ အောက်ကို ဆွဲကြည့်လိုက်တယ်။ သူ မနှစ်က ပုံကို တွေ့ရမယ်လို့ ထင်မထားခဲ့။ အဲ့အချိန်တုန်းက သူ ပွဲကြည့်ခုံပေါ်မှာ ထိုင်ရင်း ငြိမ်းချမ်းရေး သင်္ကေတလို လက်နှစ်ချောင်းထောင်ပြနေတာ၊ သူ့ဘေးက ရှဲ့ကျန်ကတော့ ပလက်ဖောင်းတစ်ခုပေါ်မှာ အထက်တန်းကျောင်း XX ‌ဘတ်စကတ်ဘော ပြိုင်ပွဲဆုဖလားကို ကိုင်ထားရင်း အပြုံးတစ်ပွင့်နဲ့ မတ်တပ်ရပ်နေလေရဲ့။

ကျောင်းရီ ချက်ချင်း မှတ်မိသွားပြီ၊ မနှစ်က ကျောင်းဘတ်စကတ်ဘောအသင်းက မြို့တွင်း ဘတ်စကတ်ဘောပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်။ အဲ့တုန်းက သူ နားစွန်နားဖျား ကြားမိတာတော့ အသင်းက ချွင်းချက်တစ်ခု ထားပြီး အထက်တန်းပထမနှစ် ကျောင်းသားတစ်ယောက်ကို ခေါင်းဆောင်နေရာ ပေးထားတယ်တဲ့။ ပွဲကြည့်နေတဲ့ တစ်လျှောက်လုံး ကျောင်းရီတစ်ယောက် မဟားတရား စိုးရိမ်ပူပန်နေသလို တကယ် စိတ်လှုပ်ရှားနေခဲ့တာ၊ သူ့ကျောင်း ဆိုးဆိုးရွားရွား ရှုံးမှာကိုလည်း ကြောက်နေခဲ့တယ်။

ဘတ်စကတ်ဘောခေါင်းဆောင်က ငါနဲ့ချိန်းတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ {ဘာသာပြန်}Where stories live. Discover now