Part 4

3.7K 227 0
                                    

Unicode

ကွန်းခို။
သူမ ကုတင်ပေါ် ဧည့်သည်တစ်ယောက်ရှိနေတာကြောင့်အောက်ထပ်ဆင်းအိပ်ရအောင်လဲ မဟုတ်တော့ ဆိုဖာပေါ်မှာပဲ အနားရသည်။

အိပ်မပျော်ပါ။အိပ်ဆေးသောက်အိပ်ရ‌တာဆိုတော့ အခုလိုဧည့်သည်ရှိနေချိန် သူမ သောက်လို့မဖြစ်ဘူး။

မနေ့မနက်ကတည်းက သတိလစ်နေတာ။ အခုထိ။ နှစ်ကြိမ်အဖျားကြီးထားတယ်။

ခေါင်းကဒဏ္ရာကမပြင်းထန်ပေမယ့် ကျောကဓါးဒဏ်ရာကတော့ နက်တယ်။

သူမ ဒီကိုမရောက်ခင်က လေ့လာဖူးသမျှ ဆေးပညာလေးနဲ့ ထိုလူကိုဆေးကုထားပေမယ့် အရမ်းစိတ်ချရတယ်တော့မဟုတ်ဘူး။

နာရိကြည့်လိုက်သည်။ မကြာခင်ပဲ မိုးသောက်တော့မည်။

အိပ်နေလဲ ဘာမှ ထူးလာမှာ မဟူတ်တော့ အခန်းထဲက ထွက်လာပြ္း အောက်တစ်ထပ်ကိုဆင်းလာသည်။ မီးဖွင့်သည်။ ထမင်းချက်ထားရင်းက အောက်ဆုံးထပ်ကိုဆင်းလာသည်။

ပ‌လိုင်းတစ်လုံးကို လွယ်ပြီး အိမ်အနောက်ဘက် လိ‌ေမ္မာ်ခြံထဲသို့ ဝင်လာခဲ့သည်။ ခူးလို့ရသည့်အခြေအနေရှိ အသီးများကို သစ်သီးခူးကပ်ကြေးနဲ့ညှပ်ယူပြီး ပလိုင်းထဲထည့်သည်။

ရွှေလိမ္မာ်လို့ ခေါ်သည့်လိ‌ေမ္မာ်သီးများသည် သာမန်လိ‌ေမ္မာ်သီးမိားထက် အရည်ရွှမ်းပြီး ပိုချိုသည်။ ပိုမွှေးသည်။

သိပ်မရှိတော့ဘူး။အရင်ရက်တွေကလဲ ခူးနေတာဆိုတော့  မနေ့ကမခူးရတဲ့ အတွက် ဒီနေ့ရတာ။ပြီးတော့ ပန်းတွေလဲ မ‌ေန့ကခူးရမည်ကို မခူးဖြစ်လိုက်ဘူး။

ရလာတဲ့အသီးများကို ဆိုင်ရှိရာသို့သယ်လာပြီစဆိုင်အတွင်းသို့နေရာချသည်။ ဆိုင်ရှေ့က စာတိုက်ပုံးဆီ ရောက်လာသည်။

အမှာစာများကို ဒီမီာလက်ခံတာဖြစ်သည်။ သူမ စာများထုတ်လိုက်ပြီး ကြည့်လိုက်သည်း။ပန်းအမှာစာများဖြစ်သည်။

ဟူး။ များတာပဲ။ ပန်းမလောက်ဘူးထင်တယ်။ရသလောက်ခွဲပေးရမည်။

ဆိုင်ထဲက ထွက်လာပြီး အိမ်ရှိရာကိုပြန်တက်လာသည်။ အောက်ဆုံးထပ်မှ မီးမိန်းခလုပ်ကို ဆွဲတင်လိုက်သည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now