Unicode Version
ဆောင်းလေဖြူး၍----ရူးစေသော်
အပိုင်း-၂၂
နောက်ထပ်တစ်ပါတ်ကုန်လွန်ပြီးနောက်။
ကွန်းခို။ အိမ်ရှေ့မှ ပန်းခြံထဲက တစ်ချို့သော အပင်များကို ခွဲနေသည်။ ပန်းအိုးအသစ်တွေထဲရွေ့ပြောင်းသည်။
အဆင်မပြေတဲ့အပင်တွေကို ပြန်လည်ပြင်ဆင် ပျိုးရင်း ခြံရှေ့က ကားသံကြောင့်သူမ လှည့်ကြည့်လိုက်သည်။
ခြံထဲကိုကားတစ်စီးဝင်လာသည်။ ရုတ်တရပ် ရပ်သွားတော့။ကွန်းခို အာရုံစိုက်မိသည်။
ကားပေါ်ကဆင်းလာသူက ရှင်ခေး။ မပြောင်းလဲတဲ့စတိုင်ဆိုပေမယ့် ခရမ်းရင့်ရောင်စတိုင်ပန် ကိုအပေါ်ရှပ်အဖြူနဲ့တွဲဝတ်ထားသည်။
ဖြူဝင်းနေတဲ့အသားအရေ ၊အရပ်အမောင်းနဲ့အရမ်းလိုက်ဖက်သည်။ သူမကပန်းခြံထဲမှာ။ ဘယ်သူမှ မတွေ့နိုင်လို့လားပဲ။
ကွန်းခို ငေးကြည့်နေလိုက်သည်။ ကားေပါ်ကမိန်းကလေးကိုနူတ်ဆက် ပြီးသူမတို့အိမ်ဘက်ကိုပြန်ေလျှာက်လာနေသည်။
ကွန်းခို ပြုံးလိုက်မိသည်က မိမိစိတ်ကိုမိမိသတိမထားမလိုက်သလိုပင်။
အရမ်းမိုက်နေတဲ့ ရှင်ခေး။ စက္က နဲ့ နည်းနည်းလေးမှ မတူပါ။ မျက်နှာမှာ အမြဲယုံကြည်မူ့အပြည့်ရှိနေတဲ့ ပုံစံကြောင့်။ မျက်ဝန်းကို က အရမ်းနဲ့ပြောင်းလဲသွားသည်။
တဖြေးဖြေးနီးလာခဲ့ချိန်တော့ ကွန်းခို ကိုယ့်ရင်ဘက်ကို ပြန်မေးရမလို ဖြစ်လာသည်က။
ချက်ချင်းထိုင်ချလိုက်ရသည်။ သူမရဲ့နားရွက်နှစ်ဖက် နီရဲလာသည်။
ရင်ဘက်က တဒိန်းဒိန်း ။ ဒီမှာနေတာ ၂ပါတ်ေကျာ်ေကျာ်သာရှိသေးတာ။ ရှင်ခေးဆိုတာ သူမကိုမျက်လုံးထဲထည့်တာမဟုတ်ဘဲ။
သူမကဘာလို့ ။မျက်ရည်ကချက်ချင်းဝဲတက်လာသည်။ ဘာဖြစ်တာလဲ။ ဘာတွေခံစားနေတာလဲ။
စိတ်နှစ်ခုလွန်ဆွဲနေရင်းက မျက်ရည်များ စီးကျလာခဲ့သည်။

YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Actionကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...