Unicode Version
ဆောင်းလေဖြူး၍*******ရူးစေသော်
အပိုင်း-၁၃
"ဒုန်း"
သက် လူတစ်ယောက်ရဲ့ ဆွဲခေါ်လာခြင်းကိုခံရပြီး အခန်းတစ်ခုထဲ တွန်းထည့်ခံလိုက်ရသည်။
မှောင်မဲနေရာက ချက်ချင်းမီးလင်းလာသည့်အတွက် မျက်လုံးမှာ မီးရောင်ကြောင့် ချက်ချင်းမဖွင့်နိုင်။
စက္ကန့်ပိုင်းအကြာမှာတော့ သက် မျက်လုံးဖွင့်လိုက်သည်။
အခန်းအတွင်း ဆိုဖာပေါ်ထိုင်နေသော လူတစ်ယောက်ကလွဲရင် တခြားမည်သူမှမရှိ။
"ဘယ်...ဘယ်သူလဲဟင်"
သူမ ပုံစံက ဆယ်နှစ်သမီးအရွယ်သာရှိအုံးမည်။ ရှေ့တွင်ထိုင်နေသူ အမျိုးသမီးကို သူမ နည်းနည်းလေးမှ မရင်းနှီးပေ။
"အော်။ သက်။ ကိုယ့်အဒေါ်ကို တောင် မမှတ်မိတော့ဘူးလား"
သက် မျက်လုံးပြူးသွားသည်။
သက်နဲ့အဒေါ်ဖြစ်သူက တစ်ခါမှမတွေ့ဖူးသလို။ မမ ကလဲ။ ဘယ်နည်းနဲ့မှ အတွေ့မခံ။ မမက သေချာမှာထားတယ်။
အန်တီလေးကို ရှောင်ပါတဲ့။ နည်းနည်းမှအတွေ့မခံနဲ့ဆိုပြီး။အန်တီလေးစံအိမ်ကိုလာလည်တဲ့အခါတိုင်းသူမ အခန်းထဲမှာပဲ နေရတာများသည်။
အခုက။ မမကော။ မမဘယ်မှာလဲ။ အရမ်းနဲ့ ချောပေမယ့် သက်မျက်လုံးထဲမှာတော့ မမပြောထားလို့လားမသိ။
(ရှင်ခေး--စက္က ရဲ့အဒေါ်)
အတော်ပင်ကြောက်စရာကောင်းနေတာပင်။ သူမ နားလျှောက်လာတော့ သူမထိုင်နေရာကပဲ တံခါးဆီကိုလေးဘက်ထောက်ပြေးသည်။
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Açãoကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...