Part 11

2.5K 178 0
                                    

Unicode Version

ဆောင်းလေဖြူး၍****ရူးစေသော်။
အပိုင်း၁၁

ကွန်းခိုမျက်လုံးပြူးသွားသည်။

လက်ထဲက ဖိုင်တွဲကိုဖတ်ရင်း။

ရှင်ခေး။ ဒါက စက္က ရဲ့ အေဒါ်ပဲ။လွန်ခဲ့တဲ့ ငါးနှစ်က လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားခဲ့တဲ့သူ။

ဘယ်လိုကြောင့် ရှင်ခေး က စက္က ကိုယ်ထဲမှာရှိနေရတာလဲ။ ဧကန်တ ။

မဖြစ်နိုင်ပါဘူး။ မျက်မှောင်ကုတ်လိုက်သည်။ အနားက  ဇော်သူကို

"ရှင်ခေးနဲ့ပါတ်သတ်ပြီးဘာသိထားသေးလဲ"

ဇော်သူက

"ညှာတာမူ့နည်းနည်းလေးမှမရှိတဲ့ အမျိုးသမီး။ သူ မသေ ခင်က တက္ကသိုလ်ကျောင်းသူတွေအတွက် နတ်ဆိုးတစ်ပါးပဲ။ မိန်းကလေးတွေကိုအရမ်းကြိုက်တဲ့ သူ

အခု Godern ရဲ့ဉက္ကဌ အနားမှာရှိနေတဲ့ ချိုချိုဆိုတာ သူ့လက်ကျပဲ။

အဲ့အချိန်က ချိုချို ကသူ့လက်အောက်က ။ သူ့ သူတူမ စက္က နဲ့အကျင့်စရိုက်ကချွတ်ဆွတ်နီးပါးတူတယ်လို့ ပြောကြတယ်။"

အော်။ အဲ့တာကြောင့်များလား။

"ရှင်‌ခေး ကသေ သွားပြီမဟုတ်လား။ "

ကွန်းခိုက

"ဟုတ်တယ်။ အခု စက္က သတိလည်လာတော့ သူ့ကိုယ်သူ ရှင်ခေးလို့ပြောနေလို့"

ဇော်သူ မျက်လုံးပြူးသွားသည်။

"မဖြစ်နိုင်ဘူးထင်တယ်" ဆိုတော့ကွန်းခို စိတ်ရူတ်တဲ့အသွင်နဲ့။
ဇော်သူက

"စက္က နဲ့ ရှင်ခေးမှာ ကွာခြားချက်တစ်ခုပဲရှိတယ်။ အဲ့တာက ရှင်ခေးသေနတ်မပစ်တက်ဘူး။

ဓါးကိုင်ကျွမ်းတယ်။လူသတ်ရမယ့်နေရာမှာ သနားညှာတာမှု့မရှိဘူး။ရက်စက်တယ်။ စက္က ကတော့ ကိုယ်တိုင်လှုတ်ရှားတာသိပ်မရှိပေမယ့် သေနတ်ကိုပဲ အားကိုးတာများတယ်။
မမလေးသတိထားကြည့်နိုင်အောင်ပါ"

ကွန်းခိုခေါင်းညိတ်ရင်း

"သတိထားကြည့်မယ်" ဆိုပြီး လက်ထဲက ဖိုင်ကိုဇော်သူဆီပြန်ပေးပြီး အောက်ထပ်ဆင်းလာချိန် ဆေးရုံကား ပြန်ရောက်လာသည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now