Unicode Version
ဆောင်းလေဖြူး၍***ရူးစေသော်။
အပိုင်း-၂၁
"ချိုချို။ သက်သာလား။ ခဏနေ ရောက်တော့မှာ။"
နောင်တယားမြို့ထဲကိုဝင်လာပြီဖြစ်သည်။ ချိုချိုက
"သက်သာတယ်။သက်လေး။ ဒဏ်ရာလဲတော်တော်ကျက်နေပါပြီ။ စိတ်မပူနဲ့နော်"
သက်လေး သူမလက်ကို ဆုတ်ကိုင်ထားသည်။
ကွန်းခိုပေးတဲ့လိပ်စာ အတိုင်းသူမတို့နောင်တယားမြို့အထွက်က ခြံကိုရောက်လာသည်။ ကားပေါ်ကနေ ချိုချိုကိုတွဲဆင်းလာသည်။
သက်က
"နေချင်စရာလေးနော်။ ချိုချို။ "
"ဟူတ်တယ်" ခြံစောင့်မှ သူမတို့ကို တံခါးဖွင့်ပေးသည်။ ခြံစောင့်က
"ကျွန်တော် ဒီနေရာကိုအပ်ခဲ့ပါပြီ။ သွားခွင့်ပြုပါအုံး"
"ဟုတ်ကဲ့"
ချိုချိုနှင့် အတူ ခြံထဲလှမ်းဝင်လာသည်။ လက်ချင်းတွဲရက်နှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ပြုံးလိုက်မိသည်။
"ရှင်ခေးက ကိုယ်တို့ကို အဲ့လိုလောကထဲကဆွဲထုတ်ပေးလိုက်သလိုပဲနော်"
သက်စက္က ပြုံးရင်း
"သက် က အခုလိုသဘာဝဆန်ဆန်လေးကိုပိုပျော်တယ်။ ပန်းခင်းကြီးလဲလှတယ်။ အဲ...လိမ္မောခြံလဲရှိတယ်။ ပျော်လိုက်တာ"
ချိုချိုက
"ကိုယ်တို့အတူတူပျော်ပျော်နေကြမယ်နော်"
"ဟုတ်။ချိုချို"
အခုလို ပဲ ထာဝရဖြစ် သွားမယ်ဆိုရင်တော့အကောင်းဆုံးပေါ့။
ဒါပေမယ့် ကံကြမ္မာ ဆိုတာ အမြဲတန်းကောင်းမနေပါဘူး။
************$##
ကွန်းခို စာဖတ်နေရင်း အိမ်ရှေ့မှကားရပ်သံကြောင့် မော့ကြည့်မိလိုက်သည်။ ပြိုင်ကားတစ်စီး ခြံရှေ့မှာ ရပ်လိုက်ပြီး
ခြံတံခါးဖွင့်လာသည်နှင့် တန်းတန်းမတ်မတ် သူမနေတဲ့နေရာရဲ့အနှောက်ဘက် ခပ်ယွန်းယွန်းမှ သုံးထပ်ဗီလာဆီကို မောင်းသွားတော့သည်။
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Actionကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...