Part 10

2.5K 170 1
                                    

Unicode Version

ဆောင်းလေဖြူး၍****ရူးစေသော်။
အပိုင်း-၁၀

"အားလုံးပဲ အစည်းအဝေးမစခင် ကျွန်မ စကားတချို့ပြောပါရစေ"

အစည်းအဝေးခန်းမရဲ့အလည်တွင် ချိုချို ရပ်လိုက်သည်။

သက်လေး အဆင်သင့်မဖြစ်သေး၍ ။သို့တည်းမဟုတ် ပြင်ဆင်နေသေး၍ အချိန်ခဏ ယူစဉ်။

ချိုချိုမှ

"ကျွန်မ က အရင် ဉက္ကဌ ရှိစဉ်ကတည်းက သက်စက္က ရဲ့ သက်တော်စောင့်ပါ။
ပြီးခဲ့တဲ့အစည်းအဝေးပြီးစဉ်က တစ်စုံတစ်ယောက်ရဲ့ စွပ်စွဲပြစ်တင်ချက်တွေကို အချိန်ရတုန်းရှင်းပါမယ်။

ကျွန်မသည်။ သက်စက္က ရဲ့သက်တော်စောင့်ဖြစ်သည်။ထို့ကြောင့် လက်ရှိဉက္ကဌ နေရာသည် ကျွန်မနဲ့နည်းနည်းမှမသတ်ဆိုင်ရုံမက သက်စက္က ကိုလက်လွတ်ရတဲ့အခြေအနေကိုရောက်တာနဲ့ မူလသက်တော်စောင့်နေရာကို ပြန်ရောက်မှာပါ။

ရှယ်ယာတစ်ကျိုးတစေ့မှ မပါတာကြောင့်
ဉက္ကဌ နေရာလုယူမှာကိုနည်းနည်းလေးမှမစိုးရိမ်ပါနဲ့။

နှစ်ဆယ်ကျော် ကျောင်းသူအရွယ် သက်စက္က ကို ကြိုးကိုင်ချင်တဲ့သူတွေလက်ထဲက ခတ္တ ခဏ ဆွဲခေါ်ထားရုံသက်သက်ပါ။

ထို့ကြောင့် သက်စက္က ကိုထိခိုက်စေမယ့်ကိစ္စမျိုးကလွဲရင် ကျန်တာ ခင်ဗျားတို့သဘောပါ"

ထိုစဉ် တံခါးပွင့်လာသည်။ သက်လေး သူမကိုလက်ပြရင်း

"ချိုချို" တဲ့။ ချိုချို ပြုံးပြလိုက်ပြီး နေရာဖယ်ပေးကာ တိုးတိုးလေးပြောသွားသေးသည်။

*အပြင်မှာ စောင့်နေမယ်နော်* သက် ပြုံးပြီးခေါင်းညိတ်တော့ ချိုချို အစည်းအဝေးခန်းအပြင်ဘက်ကိုထွက်လာသည်။

ရှယ်ယာရှင်တစ်ချို့သိပ်မကျေနပ်ချင်ကြ။ အဘယ်ကြောင်ါဆိုသော်။ အရင်ဉက္ကဌ ရဲ့ အကျင့်တစ်ချို့ကိုသိထားသည့်အတွက်ပါ။

သူတို့တွေ သက်ကို ဘယ်လိုနည်းနဲ့မှ ဖြုတ်ချနိုင်မှာ မဟုတ်ပါ။ ထို့ထက်။ သူတို့တွေရဲ့ ပိုင်ဆိုင်မူ့ရာခိုင်နူန်းက အားလုံးပေါင်းမှ ၂၀ ပါဆန့်ကိုမပြည့်ချင်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now