Part 29

1.9K 160 1
                                    

Unicode Version

ချိုချို။သက်စက္က။

ကွန်းခိုနဲ့ ရှင်ခေး ခရီးထွက်သွားသည့်အတွက် ညပိုင်းအေးအေးဆေးဆေး လူမရှိတဲ့နေရာမှာ တွေ့နိုင်သည်။

ကွန်းခို ဘက်က ဘာမှမသိရပေမယ့် သူမတို့ငြိမ်နေလို့တော့မရ။

"ကိုလင်းဇော်ရဲ့ လူတွေဆီကအဆက်အသွယ်ရတယ်။ ကိုလင်းဇော် ဒီမှာ ဖမ်းချုပ်ခံထားရတယိဆိုတာသေချာတယ်။

ရှင်ခေးမရှိတဲ့အချိန် သူ့ကို ကယ်ထုတ်ရမယ်။ "

သက်လေးက

"သက်လဲကူမယ်လေ ဘယ်လိုလုပ်ရမလဲသာပြော"

ချိုချိုက

"အင်း။ လိုတာနဲ့ပြောမယ်။ ကွန်းခို တို့ပြန်မလာခင် အချိန် ၄ရက်ရမယ်"

"ဒါဆို။မမကွန်းခိုကကော"

ချိုချို သက်ပြင်းချမိသည်။ ရှင်ခေးဆီကဘယ်လိုခွာထုတ်ရမလဲဆိုတာ။

"နည်းလမ်းရှိလာမှာပါ။ အဓိက က အားလုံးလွတ်ဖို့လိုတယ်။မဟုတ်ရင် တစ်ယောက်ကျန်ခဲ့တာနဲ့ ဓါးစာခံဆိုတဲ့အကျင့်က ရှင်ခေးမှာရှိတယ်"

သက်လေးက ခေါင်းညိတ်ရင်း

"အန်တီလေးကို ဘယ်လိုလုပ်ကြမယ်လို့တိုင်ပင်ထားလဲ"

ချိုချိုခေါင်းခါလိုက်သည်။ သူမ ဘာပြောနိုင်မှာလဲ။ သူမရဲ့ဆရာ။ ငယ်ငယ်ကတည်းက ‌လေ့ကျင့်သင်ကြားပေးလို့သာ အခုလိုအခြေအနေကို ရောက်လာနိုင်တာ။

မဟုတ်ရင် လမ်းဘေးမှာငတ်ပျက်ပြီးသေနေလောက်ပြီ။

"တခြားတော့ အားလုံးလွတ်ဖို့ကိုပဲ အာရုံစိုက်ရအောင်"

"အင်း။ ကိုလင်းဇော်ကိုအရင်ရှာမယ်။ ဗီလာမှာပဲရှိနိုင်တယ်ထင်တယ်"

"သေချာဖို့လိုတယ်။ သေချာတာနဲ့ ဒီအိမ်ကိုဝင်စီးလိုက်ရုံပဲ"

"အင်း။ အမြန်လုပ်ကြတာပေါ့"

************

ခရီးထွက်မယ်ဆိုပြီးခေါ်လာတဲ့နေရာကလဲ သူမ အတွက် ဘာမှ မထူးဆန်း။

၁၂ နာရီတိတိ။ကားစီးလာပြီး ရောက်တဲ့မြို့ကိုရပ်လိုက်သည်က ပြင်ဦးလွင်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now