Unicode version
"နှစ်ယောက်လုံးပျောက်နေတယ်။ အသက်ရှင်နေသေးတယ်ဆိုေပမယ့် အခုလိုေပျာက်နေတာက သတင်းကောင်းမဟုတ်ဘူး"
ရှင်ခေးရဲ့ ဗီလာ တစ်ခုလုံးကို ချုပ်ကိုင်ပြီး သူမရဲ့အဖွဲ့ဝင်တွေကို ဖမ်းဆီးထားပြီးဖြစ်သည်။
ဆေးအသုံးလွန်နေတဲ့ရာဇော် ကတော့ ကယ်ဖို့မဖြစ်နိုင်ပေမယ့် လင်းဇော် ရှိနေသေးတယ်။
ဒီခြံဝန်းထဲက မထွက်သေးဘဲ ရှင်ခေးအတွက် Plan ချနေတာဖြစ်သည်။
"ကွန်းခို ပါသွားတာပဲ။ သူ တနည်းနည်းနဲ့တော့ကူညီမှာပါ။ပုန်းတဲ့နေရာကို သတင်စပေးတာဖြစ်ဖြစ်"
ချိုချိုက ခေါင်းခါရင်း
"ကွန်းခို ကကော အရင်ကတည်းက စိတ်ပါပါနဲ့ ဒီအထဲကို ဝင်ခဲ့တာ မဟုတ်ဘူးမှတ်လား"
လင်းဇော်က
"အရမ်းနဲ့ပါဝင်တာမျိုးမဟုတ်ဘူး။ သူ ရှင်ခေးကို မထိခိုက်စေချင်ဘူးလို့ကျွန်တော်ထင်တယ်"
သက်လေးက နားထောင်ရုံသာ
"အဲ့တာပဲလေ။ ကွန်းခိုဆီက တခုခုရဖို့ကသိပ်မျှော်လင့်လို့မရဘူး။ သူတို့ပြန်ရောက်လာခဲ့ရင် ကွန်းခိုနဲ့ သူ့ကို ခွဲထုတ်ပြီး ရှင်ခေးကိုအပြတ်ရှင်းမှရလိမ့်မယ်"
သက်လေးမျက်နှာငယ်လေးနှင့် ခေါင်းငုံ့သွားသည်။ သက်ရဲ့ဆန္ဒကလဲ ကွန်းခိုနဲ့ တူသည်။
ရှင်ခေးလုပ်ရက်က မှားယွင်းနေတယ်ထားအုံး။ သတ်ပစ်လိုက်ဖို့အထိ သူမ လက်မခံနိုင်ဘူး။
"သက်လေး။ ..... သက်လေးအဲ့လိုမဖြစ်စေချင်တာသိပါတယ်။ ဒါပေမယ့် တစ်ခုတော့သိထား။
ရှင်ခေးပြန်လာရင် သူ့ကိုမသတ်ရင် သူကိုယ်တိူ့ကိုပြန်သတ်သွားမှာ။ မယုံရင်စောင့်ကြည့်လိုက်"
လင်းဇော်က
"ဈေးကွက်ထဲရောက်နေတဲ့ဆေးပမာဏ ဘယ်လောက်ရှိလဲဆိုတာမသိပေမယ့် အခုလက်ရှိဖြန့်ဖို့လုပ်နေတာကို အတော်များနေပြီ။
သိုလှောင်ရုံထဲကဆေးတွေ ဈေးကွက်ကိုရောက်သွားရင် ပထမဆုံးအပြစ်မရှိတဲ့သူတွေ အသက်ပေးရမှာ"
![](https://img.wattpad.com/cover/268843200-288-k314658.jpg)
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Açãoကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...