Unicode Version
ဆောင်းလေဖြူး၍ ***ရူးစေသော်
အပိုင်း-၈
စက္က လက်ထဲက ဖိုင်တွဲ။ ထိုဖိုင်တွဲ အတွင်းမှာ နူးရစ်ဆိုသော ကနေဒီယံ လူမျိုးရဲ့ကိုယ်ေရးအချက်အလက်အပြည့်အစံုပါသည်။
သူ့ရဲ့ နွယ်ဆက်ပုံတွေကအစပေါ့။
ထိုအထဲက တစ်ယောက်ကိုတွေ့တယ်။ တခြားတော့မဟုတ်ဘူး။ကွန်းခို။
ကွန်းခိုရဲ့မိတ်ဆွေလား။ဒါဆို။ စိတိထဲ မတင်မကျဖြစ်သွားသည်။ ဘယ်လိုကြောင့် ကွန်းခို ပါဝင်ပါတ်သတ်နေတာလဲ။
ထို့ကြောင့်
"ကိုလင်းဇော်။ ကွန်းခို ပင်လောင်းမှာလား။ဒီမှာလား။တစ်ချက်စုံစမ်း....."
"ဒွီ" သူမ ဖုန်း မှာ တူန်ခါသံကြောင့်။
"ခဏနော်" လက်ကာပြရင်း နံပါတ်စိမ်းဖြစ်နေသော ဖုန်းနံပါတ်မလို့
"ဟဲလို။အမိန့်ရှိပါ"
စက္က မျက်မှောင်ကုတ်မိသွားသည်။ တစ်ဖက်က သူမကိုဖုန်းခေါ်ဆိုနေတာက။
"ကွန်း" တစ်ပါတ်ကျော်ကျော်လောက်က တွေ့ခဲ့တာနောက်ဆုံးပါပဲ။
"ကိုယ်လာ ခဲ့ရမှာလား။"
"လာခဲ့မယ်။ နောက်နာရီဝက်ဆို တွေ့ကြမယ်" ဖုန်းပြန်ချလိုက်သည်။
"ဉက္ကဌ" သူမက
"မစုံစမ်းတော့နဲ့။သူ ရန်ကုန်မှာပဲ ရှိသေးတယ်။ ဒါကြောင့် ... သက် ကိုပဲ ဂရုစိုက်ပေး။ နောက်ရက်အနည်းငယ်ဆိုရင် ဆေးကုသမူ့စတော့မှာဆိုတော့"
"ဟူတ်ကဲ့။ အခုက ဉက္ကဌ က..."
သူမက ပြုံးရင်း
"ကွန်းခို က သူ့အဖေနဲ့မတူဘူး။စိတ်ကောင်းရှိတယ်။ စိတ်ချရပါတယ်"
"ဒါပေမယ့်" စက္က က ကိုလင်းဇော်ကိုလက်ကာပြရင်း
"ရတယ်။ တစ်ေယက်တည်းသွားမယ်"
ဆိုတော့ ကိုလင်းဇော် ခေါင်းငုံ့သွားသည်။ သူမက
"ကျွန်မ ဖုန်းကို GPS ဖွင့်ထားမယ်။ အခြေအနေ ထူးရင် ကျွန်မ အချက်ပေးမယ်လေ။
အဆင်ပြေလား"

YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Actionကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...