Part 30

2K 182 10
                                    

Unicode version

"နားလည်တယ်ဆိုတာထက်..... တခါတလေ အဲ့တာ အသုံးမဝင်မှာပဲဆိုးတယ်"

တိတ်ဆိတ်ခြင်းသာကြီးဆိုး၍ ထိုနေရာကနေလွတ်မြောက်ဖို့ကို ရှာဖွေရင်း အချိန်ကုန်လာစေသည်။

ကွန်းခို အတွက် ဘဝမှာ ရှက်ဖို့အကောင်းဆုံးဖြစ်ရပ်တစ်ခုက ရှင်ခေးဆိုတဲ့အသည်းနှလုံးမရှိတဲ့သူက သူမကို ကြိတ်ကြွေနေတယ်လို့ ထင်မိတဲ့ဖြစ်ရပ်ပါ။

သူမကို ဓါးစားခံတစ်ယောက်လိုသဘောထားပြီး သူမရဲ့အရိပ်အခြေကနေ နောက်ဘာတွေလုပ်နိုင်လဲဆိုတာအကဲခက်နေတက်တာကိုမသိဘဲ။

သူမ နှစ်မျောနေခဲ့တာ။ အခုသေချာပြန်စဉ်းစားကြည့်တော့။ မဖြစ်နိုင်တဲ့ကိစ္စပဲ။

အခုပဲကြည့်။ သူမကို လက်ဆွဲပြီးသွားဖို့နေနေသာသာ သူမနှင့် သုံးမီတာအကွာလောက်ကနေ ရှေ့ကဦးဆောင်နေသည်။

လာခဲ့လို့မပြောသလို။ နေခဲ့လဲမခိုင်းဘူး။ သူစိမ်း ဆိုတဲ့အခြေအနေတစ်ခုကို ပြန်ရောက်သွားသည်။

ဒါကမှ အခြေအနေမှန်တစ်ခုပါ။

အေးစိမ့်စိမ့်နှင့်မိုးတိတ်သွားပေမယ့် အဝတ်ကတော့ စိုနေဆဲ။

‌နေဝင်သွားပုံပဲ။ သူမတို့ဘယ်ဘက်ကို သွားနေလဲဆိုတယ် ရှင်ခေးသာ သိလိမ့်မယ်။

ရုတ်တရပ်အရှေ့ကခြေလှမ်းရပ်သွားတော့ သူမ ဘာဆက်လုပ်ရမလဲမသိ။

"မကြာခင်မှောင်တော့မယ်။ ဒီည ဒီမှာ ခဏနားရအောင်"

ကွန်းခိုစဉ်းစားမရ။ ဘာအတွက်ကြောင့်အခုလို ဟင်းလင်းပြင် အကာအကွယ်မရှိတာကိုရွေးလဲဆိုတာ။

သူမဘက်ကိုလှည့်လာပြီး

"သစ်ပင်ပေါ်တက်နိုင်လား။ " ဆိုကာ ‌အပေါ်ကိုလက်ညိုးထိုးပြသည်။ တောလိုက်မုဆိုးတို့အသုံးပြုတက်တဲ့ တဲအိမ်ငယ်လေးကဝက်သစ်ချပင်ပေါ်တွင်ရှိနေသည်။

ဖရိုဖရဲပါ။ သူမက

"ရတယ်" ဆိုတော့ ရှင်ခေးက

"မရရင်ပြော။နွယ်ကြိုးရှာမလို့" မျက်စိကအရမ်းမြင်တက်သည်။ တော်ရုံလူ‌မတွေ့နိုင်တဲ့ နေရာပါ။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now