Part 19

2.1K 170 9
                                    

Unicode Version

ဆောင်းလေဖြူး၍*****ရူးစေသော်။

အပိုင်း-၁၉

မိနစ်ပိုင်းအလိုအချိန်က။

သက်လေး ။ မမရဲ့ ခြေလက်ကို ရေပါတ်တိုက်ကာ သန့်စင်ပေးနေသည်။

ပြူံးနေမိသည်။ မမ ပြန်လာပြီ။ သူမတစ်ယောက်တည်းမဟုတ်တော့ဘူး။ မမ အသက်ရှင်နေတာမသိဘဲ။သက်လေးတကယ်မိုက်မဲတာပဲ။

"မမ။ သက်လေ။ အခုနေကောင်းသွားပြီ။ မမနဲခရီးတွေအများကြီးထွက်မယ်နော်။ ပြီးတော့ သက်နဲ့ချိုချို့အကြောင်းကိုလဲပြောပြမယ်။

စိတ်မဆိုးရဘူးနော်။ မမ။ သက်ကလေ။ အခု ဘယ်လိုဖြစ်နေတယ်ထင်လဲ။ မမ ကိုတွေ့လိုက်ရတော့လေ။

အရမ်းနဲ့ပျော်နေတာ။ ရင်တွေလဲခုန်။ ပြီးတော့လေ။ ရီပဲရီချင်နေတယ်။

အခုကောပဲ"

သက်လေးမျက်နှာကမှိုရထားသလိုဖြစ်နေတာကတော့ ဘေးလူအနေနဲ့ကြည့်မယ်ဆိုရင်တောင် ဘယ်လောက်ပျော်နေတယ်ဆိုတာသိသာသည်။

ချိုချို စပြောစဉ်က ရှင်ခေးလိုလို ဘာလိုလို။ အခုတွေ့လိုက်ရတော့။ မမ မှ မမအစစ်။ မမလက်လေးကိုသူမပါးနားယူပြီး သူမပါးနှင့်ကပ်ထားသည်။

"နွေးနေတာပဲ"  သက်ရဲ့လက်ထဲက မမရဲ့လက်က ဆတ်ခနဲလှုတ်သွားသည်။ သူမ အပျော်တဝက်။ မမသတိရလာပြီ။

"မမ"
ဝမ်းသာအားရခေါ်လိုက်သည်။ တကယ်ပဲ။စက္က မျက်လုံးပွင့်နေသည်။ သက်လေး ရင်တွေခုန်ပြီး မမရဲ့ ရင်ခွက်ထဲကို တိုးဝင်လိုက်သည်။

"မမသတိရလာပြီ။ ပျော်လိုက်တာ" တဖက်က တုံ့ပြန်သံမကြားရပေမယ့် သတိရလာပြီဆို‌တာသေချာနေတော့ အပျော်ကြီးပျော်နေမိတယ်။

နောက် မမကိုကြည့်ရင်း

"မမ" ဆိုတော့ စက္က သူ့ကိုပြုံးပြသည်။ စကားတစ်ခွန်းမှာမပြော။

"ဆရာဝန်ခေါ်လိုက်အုံးမယ်နော်။  ခဏ..."

ထရပ်ပြီးထွက်သွားမည်အပြု စက္က လက်ကိုဖမ်းဆွဲထားသည်။

"မလိုဘူး။ နေကောင်းနေပြီ" သက်လေးကုတင်ပေါ်ထိုင်လိုက်သည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now