Part 34

3.2K 163 6
                                    

Unicode version

"အန်တီလေး။အဆင်ပြေတယ်ဆိုရင် သက်ဝမ်းသာပါတယ်။ "

သက် ရုံးခန်းထဲကနေ ရှင်ခေးဆီဖုန်းဆက်‌ေနတာပင်။

"မမကွန်းခို ကို သူတို့စည်းရုံးလို့မရဘူးဆိုတာသိနေကြတယ်။ အခုထိ အန်တီလေးတို့ဘယ်မှာဆိုတာသိပုံမရဘူး"

"ဟုတ်ကဲ့။အန်တီလေး"  အမြဲတမ်းအဆက်အသွယ်ရှိသည့်တိုင်။ သက်စက္က ဖုန်းပြန်ချပြီးနောက်လှည့်လိုက်ချိန်။

သူမစာပွဲရှေ့မှာရပ်နေတဲ့ချိုချိုကြောင့် လက်ထဲကဖုန်းလွတ်ကျသွားသည်။ လဲမကျရုံတမယ် ယိုင်နဲ့သွားသည်။

ချိုချိုက

"ဘာတွေလုပ်နေတာလဲ။ သက်လေး။  အခုလုပ်နေတာက အခြေအနေပိုဆိုးအောင် လုပ်နေတာနဲ့အတူတူပဲဆိုတာမသိဘူးလား"

သက်က နောက်ဆုတ်ကာ

"သက်...သက်က...အန်တီလေးကို...ဘာ..ဘာမှ....မဖြစ်စေ....."

"ထင်နေတာလား။ သက်က ကိုယ်တို့ကိုသတ်နိုင်အောင်ကူညီပေးနေတယ်ဆိုတာကောသိလား"

"သက် သူတို့ကို အဝေးကြီးကိုထွက်သွားခိုင်းလိုက်ပြီ။ ပြန်မလာဖို့လဲပြောလိုက်ပြီ"

"သက်ရဲ့စကားကို။ သူက လက်ခံမှာတဲ့လား။ အခု သူဘယ်မှာလဲ"

သက် ချက်ချင်းခေါင်းခါလိုက်သည်။ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး

"မသိ။ မသိဘူး"

တကယ်မသိဘူး။ မလိမ်နိုင်တာကြောင့် သိအောင်လဲဘယ်တော့မှမမေးဘူး။

"ဒါဆို ဖုန်းပေး" လက်ဖြန့်ပြီးတောင်းလာသည်။ သက်ခေါင်းခါရင်းနောက်ဆုတ်သွားသည်။

"သက်"

သက် ပေးဖို့အစီအစဉ်ကအစကတည်းကမရှိဘူး။ ဒါကြောင့်

"မပေးဘူး။ အန်တီလေးကိုထပ်ပြီးအန္တရာယ်မဖြစ်စေချင်ဘူး။ ".

ချိုချို အကြပ်ရိုက်သွားသည်။ သက်ရဲ့ ကြောက်ကန်ကန်တာက သူပိုကြောက်သည်။ လုပ်ချင်တာလုပ်ပစ်တာမလို့။

ဒါပေမယ့်ဖုန်းကိုတော့ရအောင်ယူရလိမ့်မယ်။ ချိုချို စာပွဲကို ပါတ်ပြီးသူမဆီလာတာတွေ့တာနဲ့ လက်ထဲက ဖုန်းကို ပြတင်းကတဆင့်အပြင်ကိုပစ်ထုတ်လိုက်‌ေတာ့သည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now