Unicode Version
ဆောင်းလေဖြူး၍****ရူးစေသော်
အပိုင်း-၁၆
Breaking News."Power X Company ပိုင်ရှင် ကွန်းခို ပျောက်ဆုံးမူ့ကြောင့် သူမရဲ့ အဒေါ်တော်စပ်သူ ဒေါ်ချိုမာလွင်မှ ရောက်ထိန်းသိမ်းရခြင်းအကြောင်းတင်ပြပေးမှာဖြစ်ပါတယ်"
စက္က အနောက်ကို လှည့်ကြည့်လိုက်သည်။ သူမက အောက်ထပ်ဧည့်ခန်းအတွင်း သတင်းကြည့်နေသည့်အချိန်ဖြစ်သည်။
ကွန်းခို အ လုပ်စာပွဲမှာပဲ ခေါင်းပင်မဖော်။ ဘယတွေလုပ်နေလဲတော့မသိ။ စက္က သတင်းကိုနားထောင်နေသည်။
ကြော်ညာနေသော သတင်းနှင့် လက်ရှိဖြစ်နေသည်က တစ်ခုမှ မမှန်ပေ။ X.georg ကတောင် သူမ ဘက်မှာရှိမနေတာဆိုတော့ ကွန်းခို ပြန်လည်ထ နိုင်ဖို့လွယ်ပါါမလား။
ငါကူညီရမလား။ဆိုလိုက်ရင် သူမက ရှင်ခေးမဟုတ်မှန်းသိသွားမည်သာ။ ဒီတော့ တစ်ခုတည်းသာရှိတော့သည်။
တိတ်ဆိတ်နေတဲ့ ခြံဝန်းမှာ။သူမတို့နှစ်ယောက် တနေကုန်နေမှ စကားတစ်ခွန်းတောင်မပြောဖြစ်ပါ။
ဒီရောက်ကတည်းက။ အစားအသောက်ကို ဆိုင်က လာပို့ပေးပြီး အချိန်မှန်စား။ သူကအလုပ်လုပ်။
စက္က က TV မကြည့်ရင်။အိပ်။ မဟုတ်ရင် ရေချိုး။ အပြင်က ပေးမထွက်။ တကယ်တော့ သူမ ထွက်ချင်ရင် အလွယ်လေးပါ။
ကွန်းခိုဆိုတာ တစ်ကိုင်စာပဲရှိတာ။ သို့ပေမယ့်။ နာရီကြည့်ပြီ။
မီးဖိုခန်းဘက်ထွက်လာသည်။ Refrigerator ဖွင့်လိုက်တော့။ ဘီယာဘူးအစီအရီ။ နောက်။ ဘေးက Cabinet တွင် ဝိုင်ပုလင်းများ။
ကွန်းခိုကို တစ်ချက် လှည့်ကြည့်ပြီး ဝိုင်တစ်ပုလင်းဆွဲထုတိလာသည်။
နောက်ပြန်ပိတ်ပြီး ဝိုင်ခွက်နှစ်ခွက်ယူပြီး ကွန်းခိုနားရပ်လိုက်တော့ သူမ ဘာလုပ်နေလဲဆိုတာ တစ်ချက်လေးပဲ ကြည့်လိုက်သည်။
နောက် ပုခုံးကို ပုလင်းနဲ့ တို့လိုက်တော့ လှည့်ကြည့်လာသည်။
စက္ကက ဝိုင်ခွက်နဲ့ ဝိုင်ပုလင်းကိုမြောက်ပြပြီး
"လာ။ နည်းနည်းလောက်သောက်ရအောင်။ အလုပ်ထဲပဲ ခေါင်းနှစ်နေရင် စိတ်ဖိစီးလိမ့်မယ်။ ခန အနားပေးတယ်လို့ သဘောထားလိုက်"
![](https://img.wattpad.com/cover/268843200-288-k314658.jpg)
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Acciónကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...