Part 14

2.3K 183 3
                                    

Unicode Version

ဆောင်းလေဖြူး၍.....ရူးစေသော်။

အပိုင်း-၁၄

စက္က။ မျက်လုံးပွင့်လာတော့ ခြေထောက်တစ်စုံ။ ကုတင်ပေါ်မှာထိုင်နေသူရဲ့ခြေထောက်တစ်စုံ။

သူမ အရိုက်ခံရသော ဒဏ်ရာတွေကြောင့်မလှုတ်နိုင်။

မော့ကြည့်လိုက်တော့ သူမရဲ့အန်တီလေး။ ရှင်ခေး။စာအုပ်ဖတ်နေတာပင်။

"သတိရလာပြီပဲ" ထထိုင်ဖို့ကို အင်အားမရှိပေမယ့်။ စက္က မူးနောက်နောက်နဲ့ပဲ အားတင်းကာ ထထိုင်သည်။

"အန်တီလေး"

သူမကိုပြုံးပြီးလှည့်ကြည့်သည်။

"ဘာလဲ။ သူ့ကိုစိတ်ပူနေတာလား။ ပြန်ပို့လိုက်ပြီ။ ငါမလိမ်တက်တာ နင်သိပါတယ်။ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ဆိုတာ"

စက္က ခေါင်းညိတ်လိုက်သည်။ရှင်ခေး သူမကိုစူးစိုက်ကြည့်ရင်း

"နင်အရမ်းပျော့ညံ့တယ်။ ဘာလို့ငါ့ခြေဖျားကိုတောင်မမှီတာလဲ။ ထပ်ပြီးTrain ဖို့လိုသေးတာလား"

စက္က ခေါင်းငုံ့သွားသည်။ ချစ်ကြောက်ရိုသေရသူ။ပြီးတော့။သူမထက် ၆-၇ နှစ်ကြီးတယ်။

"ငါ့ပညာတွေ အကုန်ပေးပြီးပြီ။ နင်ယူတက်ရင် နင်ပြိုင်ဘက်ကင်းဖြစ်မှာလေ။"

စက္က ငြိမ်နေသည်။

"သူစိမ်းကိုမခင်တွယ်ရဘူး။ ပြီးတော့ ချစ်ခြင်းတရားဆိုတာနင့်နှလုံးသားထဲမှာ ထားနေသ၍ နင်ပင်ပန်းရမှာပဲ။

အဲ့ကလေးမလေးကို နင်ချစ်တယ်မဟူတ်လား။ ဒါကြောင့် အခုလို ဖြစ်တာ။နားလည်တယ်နော်"

စက္က နူတ်ခမ်းကိုဖိကိုက်ထားသည်။

"ကဲ။ ထစမ်းပါအုံး။"

စက္က အမြန်ပဲ ထရပ်သည်။ ယိုင်နဲ့နေသည်။ ဖြူဖက်ဖြူလျော်နဲ့။

"သူ့ကိုဘာလုပ်မယ်ဆိုတာသိထားတယ်မဟုတ်လား။ သူ့ကိုကာကွယ်တဲ့အတွက် နင်သူ့နေရာကိုအစားဝင်ယူလိုက်တာပဲ"

"ဒီနားလာခဲ့" စက္က အလှမ်းဝေးနေတဲ့ ရှင်ခေးဆီကို တက်နိုင်သမျှတော့အမြန်လာသည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now