Unicode version
"တကယ်ရောက်လာတာပဲ။ အဆုံးသတ်ကိုမသိတာများလား"
သူမ ရဲ့ခြံဝန်းအတွင်းကိုကိုယ်တိုင်လမ်းလျောက်ဝင်လာခြင်းဖြစ်သည်။ သူမ ဝင်လာတာနဲ့ ချိုချို။ လင်းဇော် ဦးဆောင်ပြီး
ရှင်ခေးရဲ့လက်အောက်က လူတွေကို ပါ
တစ်ပါတည်း ခေါ်ထုတ်လာသည်။ချိုချိုက
"ဆရာ။ တောင်းပန်ပါတယ်။ အခြေအနေဆိုးတွေကို ဖြတ်ကျော်မှရလိမ့်မယ်"
ဆိုတော့
"ကိုလင်းဇော်။ ဒါကအဖြေမဟုတ်ဘူးနော်" ဆိုတော့ နှစ်ယောက်လုံးမျက်လုံးပြူးသွားသည်။
လေသံ။အမူအရာ။နဲ့ ။ အသွင်အပြင်က အစ ပြောင်းလဲနေတဲ့ ရှင်ခေးလား။စက္ကလား။မကွဲတဲ့လူတစ်ယောက်။
"မင်းက...." ချိုချို ချက်ခြင်းပဲ သေနတ်ထုတ်ကာ ထိုလူဆီကိုလျောက်လာခဲ့သည်။
နောက်သူမရှေ့တွင်ရပ်ကာ နဖူးကိုသေနတ်ပြောင်းဝနဲ့တေ့ထားလိုက်တော့။
မျက်လုံးမှတ်လိုက်ပြီး ချက်ချင်း ချိုချိုရဲ့လက်ကောက်ဝတ်ကို ဖမ်းဆုတ်ကာ သေနတ်ကိုဆွဲလုလိုက်သည်။
နောက်တစ်လှမ်းဆုတ်ပြီးချိုချိုကိုပြန်ချိန်ထားလိုက်ရာ။ ချိုချို မျက်နှာက အပြုံးရိပ်တွေသန်းလာသည်။
"ဉက္ကဌ။ တကယ် ဉက္ကဌပဲ" လင်းဇော်မျက်မှောင်ကုတ်သွားသည်။ သူမတို့အားလုံးရှေ့မှာရှိနေသည်က ရှင်ခေး မဟုတ်ေတာ့တဲ့အတွက်
"ကိုလင်းဇော်။ ဒါ....ဉက္ကဌ။ ရှင်ခေး မဟုတ်ဘူး" လင်းဇော် အံ့အားသင့်သွားသည်။ ဘယ်လိုလုပ်စက္က။
"ကျွန်မအတွက် ဒီနေ့တစ်ရက်ပဲ အချိန်ရမယ်။ ချိုချို။ကိုလင်းဇော်။ ဒီကထွက်သွားပါ။ အဝေးဆုံးကို။ အန်တီလေးက ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး။
အခုလဲ။ နားချပေးမယ်ဆိုပြီးခဏရောက်လာတာ"
ကိုလင်းဇော်က
"ဒါဆို သူကကော" စက္ကက
"သူမရှိဘူး။ မနေ့ညက သူ့ကိုလာသတ်ဖို့လုပ်တဲ့ကိစ္စနဲ့အရမ်းဒေါသထွက်သွားပုံပဲ။ ဒါကြောင့် သူ့ဆီကခွင့်တောင်းလာတာ။
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Actionကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...