Part 32

2.2K 161 23
                                    

Unicode version

"ကိုယ်တစ်ခုမေးချင်တယ်"
မိုးကုတ်အင်း ကန်ဘောင်ပေါ်ရှိ အနီရောင်ခုံတန်းလေးတွင်ဘေးချင်းယှဉ်ထိုင်‌ေနသည်။

ညနေစောင်းနေဝင်သွားပြီး လမ်းမီးများစတင်လင်းလာချိန်‌။

ကွန်းခို လှည့်ကြည့်လိုက်သည်။ ရှင်ခေးက

"ကိုယ်နဲ့ စက္က။ နှစ်‌ယောက်လုံးကို တွေ့ရမယ်ဆိုရင်ကော ဘယ်သူ့ကို ရင်ခုန်မှာလဲ"

ကွန်းခိုက

"ကျွန်မ တစ်ယောက်တည်းကိုပဲ မြင်တာ။ ပြီးတော့ ရှင့်ရဲ့ ပုံစံအမှန်ကို ကျွန် မမြင်ဖူးတယ်"

ရှင်ခေး မျက်မှောင်ကုတ်သွားသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကွန်ခို အနည်းငယ်ပြုံးသည်။ ဝမ်းနည်းမူ့တစ်စုံတစ်ရာနှစ်မြူတ်နေပြီးတော့

"တကယ်တော့ စက္ကနဲ့ရှင်နဲ့က အရမ်စကြီးကွဲထွက်နေတာမှ မဟုတ်တာ"

ရှင်ခေးခေါင်းညိတိလိုက်သည်။

" မနက်ဖန် ပြန်မှာလား"

"အဲ့တာကိုစဉ်းစားနေတာပဲ။ ရှေ့ဆက်သွားရမလား။ ပြန်ရမလား"

"ပြန်တာနဲ့ပါတ်သတ်ပြီး ဘာတွေရှိနိုင်လဲ" ရှင်ခေးက

"ပြဿနာ တက်မှာပေါ့။ ချိုချိုနဲ့ လင်းဇော်။ကိစ္စ။ ဒီအတိုင်းလွတ်ထားလဲ ပြီးသွားမှာ မဟုတိဘူး။ ကိုယ်ဘယ်ကို ရောက်ရောက် သးတို့လိုက်လာကြမှာပဲ"

ကွန်းခိုနားထောင်နေသည်။ ပထမဆုံး သးမပြဿနာကနေ အခု ရှင်ခေးရဲ့အတွင်းပိုင်း ဆူပူအုံကြွမူ့ကိုရောက်သွားသည်။

"ချိုဝေလွင်မသေသေးဘူးဆိုတာ ကိုယ်သိတယ်။ ကိုယ့်ကိုအနိုင်ဖို့ သူတို့တွေ ဘာမဆိုလုပ်မှာပဲ။ ဒီတော့ မင်းကိုယ့်ဘက်မှာနေပေးမလား"

ကွန်းခိုက

"ဘာလုပ်ပေးရမှာလဲ။ ကူညီပေးမယ်" ဆိုတော့ရှင်ခေးက

"မင်းဘာမှ မလုပ်နဲ့ ။မင်းတစ်ခုခုလုပ်ရင် ကိုယ်ရှုံးလိမ့်မယ်"

"ဘယ်လို" ရုတ်တရပ် ကွန်းခို နားမလည်။ ရှင်ခေးကရယ်လိုက်သည်။

"ကိုယ့်ဘေးမှာပဲနေပေး။ ထွက်ပြေးတာတွေ ထားခဲ့တာတွေ မလုပ်နဲ့ လို့ပြောတာ"

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now