Unicode
ဆောင်းလေဖြူး၍....ရူးစေသော်
အပိုင်း-၅
တစ်ပါတ်။
သူမကျောက ဒဏ်ရာပြန်ကောင်းစပြုလာပြီ။ တနေကုန်နီးပါး မနားရလေအောင် အလုပ်လုပ်နေသော ကွန်းခို နဲ့မျက်နှာချင်းဆိုင်သည့်အချိန်က ထမင်းစားချိန်သာရှိသည်။
အချိန်ပြည့် ခြံထဲမှာ အချိန်ကုန်ေနတက်တော့ သူမကပဲ သွားရတော့တာပေါ့။
ပန်းခင်းထဲပေါင်းမြက်မိားနူတ်နေသည့် ကွန်းခိုအနားသို့ထီးတစ်ချောင်းနဲ့ ရောက်လာသည်။
နေပူထဲ မနားပဲ လုပ်နေတာကြောင့် ထီးဖွင့်ပြီးမိုးပေးလိုက်တော့ မော့ကြည့်လာသည်။
"သက်သာပြီလား။ "
စက္ကက ပြုံးရင်း
"နေအရမ်းပူနေတယ်မဟုတ်လား။ နားပြီးမှ လုပ်ပါလား"
ကွန်းခို ထရပ်လိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်မ လုပ်နေကျအလုပ်တွေပါ"
စက္က လျာသပ်ရင်း
"ဒါနဲ့။ ဒီမှာ တစ်ယောက်တည်းဘာလို့ နေတာလဲ"
ကွန်းခိုက လှည့်ကြည့်ရင်း
"ဘာဖြစ်လို့လဲ"
အရပ်ချင်းယှဉ်မယ်ဆိုရင် စက္က နည်းနည်းပိုမြင့်သည်။ မကြာခင်လဲ သူမကပြန်ရတော့မည်။ ထို့ကြောင့်
"ကိုယ့်ရဲ့ကျေးဇူးရှင် ဆိုတော့ ဖြစ်နိုင်ရင် တစ်ခုခုတော့ကူညီခဲ့ချင်တာပါ။ ပြောကြည့်ပါလား။ ဘာလို့တစ်ယောက်တည်းဒီမှာလာနေတာလဲ"
ကွန်းခိုက
"ရှင်ကျွန်မကိုသိတယ်မဟုတ်လား။"
"အင်း"
ကွန်းခိုက
"ကျွန်မကို သိတဲ့လူတွေဆီက နေ ပြေးထွက်လာတာ။ ဒီတော့ ရှင်လဲ ပြန်ဖို့စီစဉ်တော့။"
စက္ကက ခေါင်းညိတ်ရင်း
"ကိုယ်အကြောင်းကြားထားတယ်။ ရက်နည်းနည်းနေရင်လာခေါ်တော့မှာပါ။ ဒီမှာနေတာလဲ တစ်ပါတ်လောက်ရှိပြီ။"
![](https://img.wattpad.com/cover/268843200-288-k314658.jpg)
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Actionကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...