Part 15

2.4K 184 0
                                    

Unicode

ဆောင်းလေဖြူး၍****ရူးစေသော်။

အပိုင်း-၁၅

ကွန်းခို။ ရီချင်ပေမယ့် အောင့်ထားရသည်။ စက္က ဖုန်းခေါ်ပေမယ့် တဖက်က ပြန်ဖြေခြင်းမရှိတဲ့အပြင် အခု ဖုန်းပိတ်သွားပြီ။

စက္က က

"ငါ နေရာကိုမှတ်မိမယ်ထင်တယ်။ သွားရအောင် ။ဒါကဘယ်နေရာလောက်လဲ"

ကွန်းခို ချောင်းတစ်ချက်ဟန့်ရင်း

"ပင်လောင်းဘက်မှာ ကျွန်မတည်းခိုတဲ့နေရာရှိတယ်။ အဲ့ကိုသွားမယ်။ "

စက္ကက

"နင့်လူတွေ လိုက်မရှာဘူးလို့ယုံလား။ "

"လိုက်ရှာရင်တောင်မတွေ့ဘူး။ စိတ်ချ။ ကျွန်မကိုဖုန်းပြန်ပေး။ တစ်နေရာကိုဆက်ရမယ်"

စက္က ဖုန်းပြန်ပေးလိုက်သည်။ နှစ်ယောက်လုံးဒုက္ခသည်ဘဝရောက်နေတာပင်။

တကယ်တော့။ စက္က အိမ်ကိုဖုန်းဆက်နေတာမဟုတ်ပါ။ မရှိတော့တဲ့ ဖုန်းနံပါတ်ကို ခေါ်နေသည်မို့ ဘယ်တော့မှ ဖုန်းဝင်မည်မဟုတ်ပါ။

ကွန်းခို တနေရာကိုဖုန်းဆက်နေသည်။ နောက်

"ပစ္စည်း သိမ်းထားလိုက်။ ကျွန်မ ငွေသွားရှင်းအုံးမယ်" ဆိုပြီးဖုန်းထားခဲ့သည်။

နားမလည်လိုက်ဘူး။သူမ တို့မှာ ဘာပစ္စည်းပါလို့သိမ်းရမှာလဲ။

စက္က အဝတ်တွေ ထည့်ရင်း ကွန်းခို ရဲ့ဖုန်းကိုကောက်ယူပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

ခဏချင်းဝင်သွားသည်နှင့်

"ငါ။ စက္က"

************

ချိုချို ဝင်လာသော ဖုန်းနံပါတ်အစိမ်း ကို မှတ်ထားလိုက်သည်။ တဖက်ကမှာကြားလိုက်သည်ကို သေချာမှတ်ထားလိုက်သည်။

"ချိုချို။ ဘယ်သူလဲ ...မနက်စောစောဖုန်းဆက်တာက"

ချိုချိုဆီ ဖုန်းဝင်တက်တဲ့အချိန်မဟုတ်။ မမရှိစဉ်ကတော့ ၂၄ နာရီ ဖုန်းကဖွင့်ထားရတာ။ လိုရင်လိုသလိုခေါ်တာ။အခုက

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now