Unicode
ဆောင်းလေဖြူး၍ ....ရူးစေသော်။
အပိုင်း-၆
သုံးနာရီခန့် ရဟက်ယာဉ် စီးပြီးနောက် ရန်ကုန် သိူ့ပြန်ရောက်လာသည်။ ကွန်းခို ကို
ရန်ကုန်ပြန်ခေါ်လာနိုင်သည်။သူမရဲ့စံအိမ်ကို စက္က ကိုလာကြိုတဲ့ကားနဲ့ပဲ အိမ်အထိလိုက်ပို့လိုက်သည်။
သောကရောက်နေတဲ့ သူမ ။စက္ကကို ဂရုပင်မစိုက်နိုင်။
စက္က အနောက်ကနေလိုက်လာတော့ X.Geog အဖွဲ့သူမကိုမြင်တော့ အံတကြိတ်ကြိတ်နဲ့။
ရန်သူ့နယ်မြေကိုရောက်လာသလို သူတို့တွေ အတင့်မရဲနိုင်ပေမယ့် စက္က ကိုစောင့်ရှောက်ဖို့က လင်းဇော်တို့လဲ အပြင်ဘက်မှာရှိနေသည့်အတွက်။
စက္က အိမ်ထဲရောက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက
"ဘာလဲ။ အခုမှ ပြန်လာတယ်ပေါ့။ဟုတ်လား"
စက္က မျက်ခုံးပင့်တက်သွားသည်။ ကွန်း ဆီမှာ ဒီလို အပေါက်ဆိုးဆိုးတွေရှိနေတာလား။
"ငါ့အကို အသည်းအသန်ဖြစ်နေတဲ့အချိန် နင့်ကိုဘယ်လောက်တွေ့ချင်တယ်ထင်လဲ။ အခုလို အဆက်အသွယ်ဖျက်ပြ္း သူသေမှလာငိုပြမလို့လား"
အော်။ ဒါဆို ကွန်းရဲ့အဒေါ်ပဲ။ ကွန်း ကိုကြည့်တော့ ငြိမ်နေသည်။
"မေမေ။ တွေ့တယ်မဟုတ်လား ။ မထံုတက်တေးနဲ့။မေမေ အာညှောင်းတာပဲ အဖက်တင်မယ်"
အော်။ ညီမပေါ့။ ငါ့လိုပဲ ဝမ်းကွဲရှိတယ်ပေါ့။
"ယောက်ျားတစ်ယောက်အတွက်နဲ့ နင်ပေးဆပ်ထားတာတန်ရဲ့လား"
"မမ ... အန်ကယ်ရဲ့ရက်လည် ဆွမ်း ကပ်ပြီးပြီ။ ဒါကြောင့် လာရာလမ်းကိုပဲ ပြန်လိုက်ပါ"
"မမလေး။ ရှေ့နေ ဦးတင့်ကြွယ်ရောက်နေပါတယ်။ "
"ဘာလို့ရောက်လာတာတဲ့လဲ" သူမရဲ့အဒေါ်ဖြစ်သူက တကယ်ကိုဂြိုဟ်ဆိုးပဲ။
"ဆရာကြီးရဲ့ အမွေ လွှဲပြောင်းခြင်းစာချုပ်အတွက်ပါ။ "
စက္က မျက်ခုံးပင့်သွားသည်။ နံရံကိုမှီပြီးလက်ပိုက်ကြည့်နေသည်။ ထိုစဉ်ပဲ ဦးတင့်ကြွယ်ဆိုသူရောက်လာသည်။
YOU ARE READING
ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A Little
Açãoကလဲ့စားချေရင်း ဖြစ်ချင်တာထက် မဖြစ်သင့်တာတွေကြောင့် မူလအမှန်ကိုပြန်ရဖို့ကြိုးစားရင်း ရူတ်ထွေးတဲ့ဇာတ်အိမ်တစ်ခုပေါ ်အခြေခံထားခြင်း။ ညီမအတွက် ဘာမဆိုပေးဆပ်ဖို့ဆိုပေမယ့် ကိုယ်ကိုတိုင်မကာကွယ်နိုင်တဲ့အချိန် ညီမဖြစ်သူကိုထားခဲ့ရသည့်အခါ။ မတူတဲ့ ဝိဉာဉ်နှစ်ခုရဲ...