EP(5)

11.5K 977 32
                                        

Uni

မီးအလင်းရောင်တစ်စက်ကလေးမှ မရှိဘဲ လရောင်မှိန်ပျပျသာလင်းနေသော အခန်းငယ်လေးထဲ၌ ကောင်လေးတစ်ယောက် လဲလျောင်းနေလေသည်။ ရုတ်တရက်ကြည့်ရင် အိပ်နေသည်ဟု ထင်ရပေမဲ့ သေချာကြည့်ရင် သူ့မျက်လုံးတွေ ပွင့်နေတာကို မြင်တွေ့နိုင်သည်။ ကောင်လေးသည် တစ်စုံတစ်ခုကို တွေးတောနေဟန်ရကာ သူ့ ခန္ဓာကိုယ်ကတစ်ချက်ကလေးမှ လှုပ်ရှားတာမျိုးမရှိပေ။ မျက်ဝန်းမှ တိတ်ဆိတ်စွာစီးဆင်းကျလာသော မျက်ရည်တို့ သည် လရောင်အစွမ်းဖြင့် တလက်လက်တောက်ပလျှက်ရှိသည်။ သူငိုသည်...။ သူ တိတ်ဆိတ်စွာ ငိုနေမိသည်။ ဟုတ်သည်။ အမှန်တကယ်တော့ ပိုင်စိုးရဆိုသည့် သူ့အတွက် အရာအားလုံးက ပြီးဆုံးခဲ့ပြီးဖြစ်သည်။ မေမေ၊ ဖေဖေနဲ့ ညီမ လေးတို့ကိုလည်း သူထပ်မတွေ့ရတော့။ သူက သေပြီးသားဖြစ်နေပြီကိုး။ ဒါကိုလည်း သူ ကောင်းကောင်းလက်ခံနိုင်ပါတယ်လေ။

သူ အသက်မထွက်ခင်ကလေးမှာ ဝတ္ထုစာအုပ်ကလေးက သူ့လက်ထဲပါလာတာကို သတိပြုလိုက်မိသေးသည်။ ခုချိန်လောက်ဆို မေမေဘယ်လောက်များငိုနေပြီလဲ။ ဖေဖေကရော အံကြိတ်ပြီးမျက်ရည်ကျနေမှာများလား။ထိုအတွေးတွေနဲ့အတူ ထထိုင်လိုက်မိသည်။မိနိုင်ကတော့ သူမ ချစ်တဲ့ဝတ္ထုဆရာမကို စော်ကားလို့ သေတာဆိုပြီးတော့ ပြောရင်း ငိုနေလောက်သည်။ ဒီအတွေးတစ်ချက်နဲ့အတူ သူ မျက်ရည်ကြားမှ ပြုံးမိပြန်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ လျှာတစ်ချက်သပ်မိပြန်သည်။ သူ လမ်းမဘေးမှာ မူးလဲသွားပြီး သတိပြန်ရလာတာ နှစ်ရက်တောင် ရှိပြီဖြစ်သည်။ ဒီနှစ်ရက်လုံး သူ အခန်းထဲပဲအောင်းနေခဲ့သည်။ အပြန်ပြန်အလှန်လှန် တွေးတောပြီးနောက်မှာတော့ မတတ်နိုင်စွာပဲ သူ့ဘဝ သူ လက်ခံလိုက်ရတော့သည်။

သူဟာ ဆယ်တန်းမဖြေရသေးဘဲ သေသွားခဲ့ရတဲ့ ကျောင်းသားလေး ပိုင်စိုးရ မဟုတ်တော့။ သူဟာ တည်ငြိမ်ယင်း ဖြစ်နေလေပြီ။ သူဝါသနာပါတဲ့ ဆေးကျောင်းအမှတ်ကိုမီထားတဲ့ တည်ငြိမ်ယင်းပေါ့။ ဒါ တော်တော်လေး မဆိုးဘူးလို့ သူအတင်းအကြပ်တွေးလိုက်သည်။ တကယ်တော့ ဆယ်တန်းစာမေးပွဲမဖြေရဘဲ ဆယ်တန်းကို ထိပ် ဆုံးတန်းကအောင်တာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ဒါပေမဲ့ သူ့မှာ မိသားစုမရှိတော့ဘူးလေ။ သူက တစ်ကောင်ကြွက်သာသာပဲဖြစ်နေပြီ။ သူများတွေက မိသားစုသေလို့ တစ်ကောင်ကြွက်ဖြစ်တာ။ သူကတော့ ကိုယ်တိုင် သေသွားလို့ တစ်ကောင်ကြွက်ဖြစ်တာ။ ဒါပဲကွာခြားသည်။ ဝမ်းနည်းမှုတွေက သူ့နှလုံးသားထဲမှာ ပြည့်ကြပ်သိပ်နေသေးတာကို သူကိုယ်တိုင်သိသည်။ ဒါပေမဲ့ သူအသက်ရှင်နေသေးသည်လေ။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲမဟုတ် လား။ အနည်းဆုံးတော့ သူ မေမေတို့ကို သတိရနေဖို့ လွမ်းဆွတ်နေဖို့ အသက်ရှင်နေသေးသည်လေ။

Love Zone (Completed)Wo Geschichten leben. Entdecke jetzt