Uni
“ဦးတော်ဝင် နေကောင်းရဲ့လားဗျ”
“ကောင်းပါ့ဗျား။ ခင်ဗျားတို့ရော နေကောင်းကြတယ်မလားဗျ။ ဟားဟားဟား မေးခွန်းက စီးပွားရေး ဆန်သွားမယ်ထင်သားဗျ။ ကိုယ်ကခုမှ ဆေးရုံဖွင့်တာဆိုတော့”
“ဟားဟား ဦးတော်ဝင်ကတော့ နောက်နေပြန်ပါပြီဗျာ။ ဦးတော်ဝင်ရဲ့လက်နဲ့ထိသမျှ ဘာဖြစ်ဖြစ် ကောင်းနေတာပဲဗျာ။ ကျုပ်တို့နေမကောင်းရင်လည်း ‘တော်ဝင်ဘုရင်’ကိုပဲ အားထားရမှာပါပဲ”
“အားထားပါဗျာ၊ အားထားပါ။ ကျွန်တော်နဲ့ ကျွန်တော့်မြေးကလည်း အကောင်းဆုံးကြိုးစားပေးထား တာပါပဲ”
“ဪ မြေးဆိုလို့ ဟုတ်သားဗျ။ ဘုရင့်ကိုတော့ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီကလေးကရော ဘယ်သူများလဲဗျ”
ဦးတော်ဝင်က သူ့ဝှီးချဲကို ကိုင်တွန်းပေးထားသည့် ကောင်လေးကို တစ်ချက်ငဲ့ကြည့်ကာ
“ဪ သူလား။ သူက မြေးရဲ့ အဟမ်း သူငယ်ချင်းလေ”
“အတော်ရင်းနှီးကြတယ်ထင်တယ်နော်ဗျ”
“ခင်ဗျားသိတဲ့အတိုင်းပဲလေဗျာ။ ကျွန်တော့်မြေး ဘုရင်က သူငယ်ချင်းရယ်လို့ ဟုတ်တိပတ်တိရှိတာ မဟုတ်ဘူးဗျ။ ငြိမ်လေးကျတော့ ဒီဇိုင်နာ ဒေါ်မြမွှေးကြူသက်ရဲ့သားလည်းဖြစ်တော့ ‘လူကြီးချင်းကလည်း ရင်းနှီး၊ ကလေးချင်းကလည်း ချစ်ခင်’ ဆိုသလိုပေါ့ဗျာ”
ဦးတော်ဝင်ရဲ့ စကားကြောင့် ငြိမ့်ကိုယ်လုံးတောင့်ခနဲဖြစ်သွားသည်။ အဘိုးကတော့ လုပ်ချလိုက်ပြန်ပါပြီ။ လူကြီးချင်းရင်းနှီးပြီး ကလေးချင်းချစ်ကြရအောင် အာဝါဟဝိဝါဟ လုပ်နေကြတာလည်းမဟုတ်။ တစ်မနက်လုံးမှာ သတင်းထောက်တွေစုပြုံနေကြသလို မိတ်ဆွေတွေဆိုတာကလည်း ဂုံနီအိတ်နဲ့စုကျုံးထည့်ရင်တောင် ကုန်မှာမဟုတ်တဲ့ အနေအထား။ အဘိုးက ပြုံးရယ်နှုတ်ဆက်နေပေမဲ့ ဇာတ်လိုက်ကတော့ ခပ်တည်တည်ပင်ရပ်နေသည်။ သူနှုတ် ဆက်တဲ့လူတွေက လူနည်းစုလေးသာရှိသည်။ နောက်ပြီး ကျောင်းမှာကျ ဇာတ်လိုက်ကို ‘ခစား’လို့ အမည်တွင်သလောက် ဒီစီးပွားရေးလောကက လူတွေကျ ‘ဘုရင်’ဆိုတာကို ပါးစပ်ထဲကမချ။ ငြိမ် ကိုယ့်ဟာကိုယ် အေးဆေးနေရလို့ စိတ်သက်သာပေမဲ့ တစ်ချို့တွေကျတော့ ဘုရင့်ကို ရောမရတာနဲ့ သူ့ကိုလာရောတာလိုမျိုးလည်းရှိသေးသည်။
YOU ARE READING
Love Zone (Completed)
RomanceUni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Cove...