EP(17)

7.5K 744 14
                                    

Uni

ငြိမ် အခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်နေမိသည်။ စိတ်လှုပ်ရှားနေလို့လားမသိ။ ဗိုက်က အတော်လေး ဆာလာသည်။ နေ့လည်စာကို ဟုတ်တိပတ်တိမစားလိုက်ရတာကြောင့်လည်း ပါလိမ့်မည်။ တံခါးကို မအိပ်ခင်ကတည်းက လော့ချထားသည်မို့ စိတ်တော့အေးရပေမဲ့ ဖုန်းအားကုန်နေတာကတစ်ကြောင်း၊ ဗိုက်ဆာနေတာကတစ်ကြောင်းမို့ နေရထိုင်ရတာ မသက်သာလှပေ။ အရေးအကြောင်းဆို အားကုန်တတ်သော ဖုန်းကိုလည်း စိစိညက်ညက်ကြေအောင် အမှုန့်ကြိတ်ချင်နေပြီဖြစ်သည်။

အခန်းထဲမှာ Air_Con ရှိပေမဲ့ သူကအအေးကြောက်တာမို့ ဖွင့်မထားမိ။ သာမန်ဆို ဒီလောက်အခန်းကြီးထဲမှာ Air_Con မဖွင့်ရင် လှောင်အိုက်နေမှာပေမဲ့ ကုတင်ခြေရင်းထောင့်နားက နှင်းဆီပန်းတွေကြောင့် ရနံ့သင်းသင်းလေးကို ရှူရှိုက်ခွင့်ရ... အဲ နှင်းဆီပန်းအိုး? သူ ပန်းအိုးဆီကို ပြန်အကြည့်ပို့လိုက်သည်။ ဘယ်လိုပဲပြန်တွေးတွေး‌ သေချာတာတစ်ခုက သူ အိပ်မပျော်ခင်တုန်းက ပန်းအိုးက ဒီနေရာမှာ ရှိမနေ။ ဒါဆို ဒီပန်းအိုးက ဘယ်က‌ရောက်လာတာလဲ။ လော့သေချာချထားပါသည်ဆိုသော အခန်းတံခါးဆီ အကြည့်ရောက်သွားမိသည်။ စိတ်ထဲမှာမလုံမခြုံခံစားလာရတာကြောင့် တံခါးဆီကိုသွားကာ လော့ဖြေပြီးဖွင့်လိုက်သည်။ သို့သော် အပြင်ကသော့ခတ်ထားခံရဟန်တူသော တံခါးက နည်းနည်းလေးမှ ပွင့်မလာ။ သူ အခြေအနေကို ရုတ်ချည်းရိပ်မိသွားသည်။ တံခါးပေါက်ကဆို ပြေးဖို့လွယ်မှာ မဟုတ်တာကြောင့် ပြတင်းပေါက်တွေကို ရမယ်ရှာရသည်။ လိုက်ကာထူကြီးတွေကာရံထားသည့် ပြတင်းပေါက်ကြီးတွေက ဖွင့်လို့တော့ရပေမဲ့ သူဘယ်လိုမှ မထင်တာက ထိုပြတင်းပေါက်တွေကနေ မြေပြင်အထိကို အတော်ကြီးမြင့်နေခြင်း ပင်။

ငြိမ် ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်သွားရသည်။ မဟုတ်သေးပါဘူး။ သူ အခန်းထဲဝင်လာတုန်းက ဘာလှေကားမှလည်း တက်ရတာမှမဟုတ်ဘဲ။ သူ့အခန်းကြီးက မိုးပေါ်ပျံတက်သွားတာမဟုတ်ရင် သူက အခန်းပြောင်းခံလိုက်ရတာပဲ! သေစမ်း ပိုင်စိုးရရေ။ မင်း ဒီလောက်တောင် အအိပ်ကြီးရသလား။

အခန်းကိုသေချာစစ်ကြည့်တော့ သူအိပ်ခဲ့သည့် အခန်းနှင့်အစစအရာရာတစ်ပုံစံတည်းမို့ တော်ရုံတန်ရုံဆို အခန်းပြောင်းခံလိုက်ရတာကို သိမှာတောင်မဟုတ်ပေ။ သူ့ စိတ်တွေ ချောင်ပိတ်ခံနေရသလို ခံစားလိုက်ရသည်။ မဟုတ်သေးဘူး။ သူ လွတ်ကိုလွတ်မှဖြစ်မယ်။ ရေချိုးခန်းထဲဝင်ပြီး လော့ချပုန်းနေတောင် သူ လွတ်မှာမဟုတ်ဘူး။ ပြတင်းပေါက်က တွယ်ဆင်းရအောင်ကလည်း စောင်တစ်ထည်တည်းနဲ့မဖြစ်ဘူးလေ။ မွေ့ရာကြီးကိုကျ ဘယ်လိုမှ ကြိုးဖြစ်အောင် လုပ်လို့ရမှာမဟုတ်ဘူး။ ဒီနေရာမှာ ထွက်ပေါက်ဆိုလို့ တံခါးပဲရှိတော့တယ်။ သူ ဘယ်လိုလုပ်ရမလဲ။ အပြင်က သော့ပိတ်ထားတဲ့ တံခါးတစ်ချပ်ကို အထဲကနေ ဘယ်လိုမျိုးပွင့်အောင်လုပ်ရပါ့မလဲ။ ပွင့်သွားတယ်ပဲထားပါဦး။ အပြင်မှာ ဘယ်လိုအန္တရာယ်တွေများရှိနေမလဲ။

Love Zone (Completed)Where stories live. Discover now