Uni
ကျောင်းစတက်ရမဲ့နေ့ပေမို့ လွယ်အိတ်၊စာအုပ် အစရှိတာတွေကို သေသေချာချာစီစစ်ပြီး ထည့်ထား လိုက်သည်။ မေမေပေးတဲ့မုန့်ဖိုးကို မပျောက်အောင် သေသေချာချာသိမ်းပြီးတာသေချာမှ ကျောင်းသို့ထွက်လာလိုက် သည်။ မေမေကတော့ နောက်ရက်နည်းနည်းကြာရင် ဒီကိုလိုက်လာမယ်လို့ပြောပါသေးသည်။ တစ်ဦးတည်းသော သားလေးကို စိတ်မချဘူးထင်သည်။ သူ လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ကာ ခြေလှမ်းတွေကို တစ်လှမ်းချင်း ခက်ခဲ စွာ လှမ်းနေရသည်။ မိုးကောင်းကင်ကြီးကို ကြည့်ပြီး ရယ်မြူးပျော်ရွှင်ဖို့ ကြိုးစားကြည့်သည်။ မရ။
ဝမ်းနည်းမှုတွေက ရင်ဘတ်ထဲမှ ဆို့တက်လာသည်။ 'ငါဘာအတွက် အသက်ရှင်နေသေးတာလဲ'ဆိုတဲ့ မေးခွန်းကို အကြိမ်များစွာမေးကြည့်မိသည်။ အဖြေကရမလာ။ လူတွေ ဘာလို့အသက်ရှင်နေကြတာလဲလို့ အရင်က သူ မတွေးခဲ့ဖူးပါ။ တွေးခဲ့မိပေမဲ့ အရေးမပါဘူးလို့ ပစ်ထားမိတာဖြစ်ကောင်းဖြစ်မည်။ အခုလိုတွေကြုံလာတော့မှ သူသိ လာရတာ တစ်ခုက လူတွေဟာ သူတို့ချစ်တဲ့လူတွေနဲ့ရယ်မောနေနိုင်ဖို့ အသက်ရှင်နေရတာဖြစ်မည်။ ဒါဆို... သူက ရော? ချစ်တဲ့ မိဘတွေနဲ့ ညီမလေးမရှိတဲ့ ဒီကမ္ဘာကြီးမှာ ဘာအတွက် အသက်ရှင်နေရတာပါလဲ။ မျက်လုံးတွေကို မှိတ် အသက်ပြင်းပြင်းရှူ၊ စိတ်ကိုရှင်းရှင်းထားပြီး ဘယ်လိုပဲတွေးကြည့်ပေမဲ့ စိတ်တွေဟာ တစ်ခါတလေကျ ဘာတွေမှန်း မသိလောက်အောင် ရှုပ်ထွေးပြီး တစ်ခါတလေကျ ဗလာဖြစ်လောက်အောင်ကို ပြောင်ရှင်းနေပြန်သည်။
အရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တိုင်း၊ အသက်တစ်ခါရှူလိုက်မိတိုင်း တစ်ယောက်တည်းဆိုတဲ့ အ တွေးက သူ့ကိုနှိပ်စက်သည်။ ဘယ်လိုပဲ မိဘအသစ်တွေရှိသေးတယ်ဆိုဆို သူတို့က တည်ငြိမ်ယင်းရဲ့ မိဘတွေပဲလေ။ သူတို့ပေးတဲ့အချစ်တွေက တည်ငြိမ်ယင်းအတွက်ပဲ၊ သူ့ကိုပေးတာမဟုတ်ဘူးလေ။ ဒီလိုတွေးလိုက်မိတိုင်း ဒီကမ္ဘာက အရာရာဟာ သူနဲ့မသက်ဆိုင်တော့သလိုခံစားမိပြီး ဟိုးအဝေးကိုထွက်ပြေးချင်မိသည်။ သို့သော် ထွက်ပေါက်ကမတွေ့။ အသက်ရှင်ရတာ သေသွားတာထက်စာရင် ကောင်းသေးတာပဲလို့ ဘယ်လိုပဲကိုယ့်ကိုယ်ကိုယ် အတင်းအကြပ်တွေးနေ နေ၊ ဘယ်လိုပဲအားတင်းပြီးပြုံးပြုံး အသက်ရှင်ရတာ အဓိပ္ပာယ်မဲ့နေသလိုခံစားနေမိတာ ဘယ်လိုလုပ်ရပါ့မလဲ။ ကိုယ့် ကိုယ်ကိုယ်ပဲ ဆက်လိမ်ပြီး အသက်ရှင်အောင်နေသွားရမှာလား။ ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ သူက အသက်ရှင်နေရတာ လဲ။ အကြောင်းပြချက်ကဘာလဲ။

YOU ARE READING
Love Zone (Completed)
RomanceUni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Cove...