Uni
ငြိမ် အခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်ရင်း စိတ်လှုပ်ရှားနေမိသည်။ တော်သေးပါသည်။ ဒီကိစ္စသာ အဆင်မပြေရင် သူ ဇာတ်လိုက်မ ဆီက ရုန်းထွက်လာဖို့ အတော်ခက်လိမ့်မည်။ ဇာတ်လိုက်မဆိုတာ သူ့ရဲ့အန္တရာယ်ပေမို့ ဝေးဝေးလံလံသို့ ရှောင်လာခဲ့ခြင်းဖြစ်သည်။ သုံးလလောက်ပဲဆိုပေမဲ့ အဲ့ဒီသုံးလပြီးသွားရင် ဇာတ်လိုက်မနဲ့ ဟိုကောင့်ရဲ့ ဇာတ်လမ်းက စပြီးနေလောက်ပြီ။ ဒါဆို သူ အဲ့ဇာတ်ကွက်တွေထဲက လွတ်လွတ်ကျွတ်ကျွတ် ထွက်လာလို့ရပြီလေ။ ကြည့်တော့ ကြည့်ချင်ပါသေးသည်။ တည်ငြိမ်ယင်းမရှိဘဲ ဒီမိန်းမ ဘယ်လိုရှင်သန်ပြီး ဇာတ်လိုက်နားကို ဘယ်လိုကပ်မလဲဆိုတာ။
သူ တစ်ခုခုကို သတိပြုမိလိုက်ကာ ဇာတ်လိုက်မရဲ့ ဖုန်းနံပါတ်ကို ရှာဖွေပြီး Blockလုပ်လိုက်သည်။ ကိစ္စကတော့ ပြီးပြီဖြစ်သည်။ သုံးလလောက်ပြီးသွားရင် ဇာတ်လိုက်မ သူ့ကိုမခင်တွယ်တော့ဘူးလို့ ခန့်မှန်းရတာပဲ။ ကပ်တွယ်နေသေးလည်း ကိစ္စတော့မရှိပါဘူး။ သူက သေသေချာချာခါချပစ်တော့မှာလေ။ ဒီလိုမိန်းမမျိုးက မြွေပွေး ခါးပိုက်ပိုက်မိတာထက်တောင် ပိုဆိုးသေးသည်။
အခန်းကို သေချာပြင်ဆင်၊နေရာချပြီးတော့ ဘေးပတ်ဝန်းကျင်တွေလိုက်ကြည့်မိသည်။ တိုက်ကတော့ ကျယ်ပေမဲ့ တစ်ထပ်ကို လှေကားဟိုဘက်ဒီဘက် အခန်းနှစ်ခန်းစီပဲရှိသည်။ ဒါကြောင့်မို့လည်း တိုက်ခန်းက အရမ်းကျယ်ပြီး နေလို့ထိုင်လို့ကောင်းတာဖြစ်သည်။ ဓာတ်လှေကားမရှိတာ နည်းနည်းတော့ မကောင်းပေမဲ့ အရမ်းဇိမ်ခံနေလို့လည်း မကောင်းပေ။ ခန္ဓာကိုယ်ကို လှုပ်ရှားမှုမပေးရင် ချိနဲ့သွားမှာလည်း ကြောက်ရတယ်လေ။ တိုက် အနီးအနား မှာ 24Hour Market လေးရှိပြီး ဈေးဝယ်ရတာ အရမ်းလွယ်သည်။ ဘတ်စ် မှတ်တိုင်နဲ့လည်း သိပ်မဝေးတဲ့အပြင် တက္ကသိုလ်နားမှာပဲဆိုတော့ ဒီတိုက်ခန်းဟာ အရမ်းအရမ်းကို အဆင်ပြေလွန်းလှသည်။ မေမေက ဒီတိုက်ခန်းကို သူစာမေးပွဲ အောင်ပြီးတော့ ချက်ချင်းဝယ်ပေးထားတာဖြစ်ကာ သူ အတိတ်မေ့နေတဲ့နေ့ရက်တွေတုန်းက ဒီတိုက်ခန်းသော့ကို သူ့ လက်ထဲထည့်ပေးခဲ့တာဖြစ်သည်။ ဒါကြောင့်မို့လည်း သူ၏ ထွက်ပြေးရေးအစီအစဥ်က တော်တော်အဆင်ပြေသွား သည်။
YOU ARE READING
Love Zone (Completed)
RomanceUni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Cove...