EP(12)

7.5K 845 27
                                    

Uni

ဒီနေ့တော့ ကျောင်းလာရတာ မနေ့ကလောက် ခြောက်ကပ်ကပ်မနိုင်တော့ပါ။ သူငယ်ချင်းတစ် ယောက်တော့ စကားပြောဖော်ရထားပြီကိုး။ တက္ကသိုလ်ကျောင်းသားပီပီ သွက်လက်သော ခြေလှမ်းတို့နှင့်အတူ ရင်ခုန်သံတွေကို အပါသယ်ကာ ချစ်သောကျောင်းကြီးဆီ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ စွမ်းနိုင်ကိုတော့ အခန်းထဲမှာ မတွေ့ရပါ။ ဖုန်းဆက်ကြည့်တော့ အိမ်မှာပဲရှိသေးသည်ဟုသိရသည်။ သူလည်း ဗိုက်ဆာလို့တော့ မဟုတ်ပေမဲ့ ကန်တင်းဆီသွားထိုင်လိုက်သည်။ ဘာလို့လဲတော့မသိပေမဲ့ လူများပြီးသက်ဝင်လှုပ်ရှားနေတတ်တဲ့နေရာတွေကို သူ ကြိုက်သည်။

“ငြိမ် ငါထင်သလိုပဲ နင်ကဒီမှာကိုး”

မနက်ခင်း၏ သာယာမှုလေးသည် ရန်သူတော်ကြီး၏အသံအောက်မှာ ပျက်စီးသွားရလေတော့သည်။ အဆင်းက စိတ်ကျေနပ်သွားသလိုမျက်နှာထားမျိုးနှင့် သူ့ရှေ့တွင်ဝင်ထိုင်လိုက်သည်။

“အဆင်း နင် ဘာစားမလဲ မှာလေ။ ငါကျွေးမယ်”

“ရတယ် ရတယ် မလိုဘူး”

ပါးစပ်ကလည်း ငြင်း၊ လက်နှစ်ဖက်ကိုလည်း အမြန်ကာပြကာ စာကြည့်တိုက်ဘက်ကို တကြည့်ကြည့် လုပ်နေရတာ သူတွေ့လိုက်ရသည်။ ဒီကောင်မလေး ဘာတွေကြံစည်နေသလဲတော့မသိ။ ဇာတ်လိုက်နဲ့ပတ်သတ်တာ တစ်ခုခုဖြစ်လိမ့်မည်။

“ငြိမ်”

“ပြောလေ”

“ငါလေ စာကြည့်တိုက်ထဲသွားမလို့၊ အဖော်လိုက်ခဲ့ပေးမလားဟင်”

“စာကြည့်တိုက်လား”

“အေး”

သူ အနည်းငယ်စဥ်းစားကြည့်လိုက်သည်။ သေချာတာတစ်ခုက စာကြည့်တိုက်ထဲမှာ ဇာတ်လိုက်ရှိနေတာပဲဖြစ်ရမည်။ အဆင်း သူ့ကိုအဖော်ခေါ်တာကတော့ ရှင်းပါသည်။ တစ်ယောက်တည်း သွားမိတ်ဆက်ဖို့ထက် သူ့ ကို ခုတုံးကလေးလုပ်ပြီး မိတ်ဆက်ချင်နေတာနေမှာပေါ့။ နှာခေါင်းကိုမသိမသာရှုံ့ရင်း အဝေးမှလာနေသည့် စွမ်းနိုင်ကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်သည်။

“ငါမလိုက်တော့ဘူးဟ။ ဟိုမှာကြည့် ငါ့သူငယ်ချင်းလာနေပြီ။ ပြီးရင် အတန်းတက်ဖို့လိုသေးပေမဲ့ ငါက ကျောင်းပြောင်းလာတာမကြာသေးတော့ စာအခြေအနေကြည့်ရဦးမယ်လေ”

Love Zone (Completed)Where stories live. Discover now