Ep 1(Unicode)
မနက်ခင်းနေရောင်ခြည်ကလိုက်ကာကြားမှကုတင်ပေါ်ကလူသားလေးထံသို့ထိုးဖောက်ဝင်ရောက်လာသည်။ မီးအိမ်ဘေးနားက
နာရီနိူးစက်ရဲ့အသံကြောင့်သွင်ခက်လည်းအိပ်နေရာမှနိူးလာသည်။
ခေါင်းစုတ်ဖွားလေးနှင့်ကုတင်ပေါ်တွင် လက်နှစ်ဖက်ကိုအပေါ်သို့မြှောက်ပြီးအကြောဆန့်ကာခဏထိုင်နေမိသည်။
အမေတစ်ခုသားတစ်ခုပေမဲ့ အမေကအငြိမ်းစားကျောင်းဆရာမဖြစ်ကာ သွင်ခက်ကတော့တက္ကသိုလ်အဝေးသင်တတ်ပြီးဝါသနာပါတဲ့Coffeeဆိုင်လေးဖွင့်ကာအေးအေးဆေးဆေးနေတဲ့သူပင်။Coffeeသောက်ရတာကြိုက်လို့Coffeeဆိုင်လေးဖွင့်ကာအေးအေးချမ်းချမ်းနေတဲ့ကောင်လေးတွင်အပူပင်ဆိုတာမရှိသလောက်ပင်။အဲ့လိုကောင်လေးဆီကိုဘယ်လိုပြဿနာတွေရောက်လာမလဲဆိုတာမသိနိူင်ပေမယ့်အခုချိန်မှာတော့သွင်ခက်ဆိုတာအပူပင်ကင်းတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပင်။
Coffee ဆိုင်သွားရအုန်းမှာမို့သွင်ခက်လည်းကုတင်ပေါ်မှဆင်းကာရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်လိုက်ချိန််မှန်ထဲတွင်မျက်နှာဖွေးဖွေးလေးကနေရာယူနေသည်။လှတာ ဟုတ်တယ်ချောတယ်ဆိုတာထက်လှတယ်လို့ပိုသုံးရမည်။
သွင်ခက်ကိုယ်ဝန်ကိုလွယ်နေချိန်မိခင်ဖြစ်သူ ဒေါျစန်ဒါကနေ့တိုငျးနှားနို့တှသေဈသီးတှဘေဲစားသောကွောငျ့အသားရညျကပွောစရာမလိုအောငျပငျမိနျးခလေးတှထေကျတောငျလှနသေေးသညျ။ဆံပငျပြော့အိအိလေးကိုအလယျခှဲထားကာမကြျနှာလေးက သွယ်သွယ်လျလျပုံစံလေးနှင့်ဖြစ်နေသည်။ရေချိုးခန်းထဲကနေ တဘတ်တစ်ထည်ပတ်ကာထွက်လာလိုက်ပြီး
ဗီရိုထဲကအဖြူရောင်ရှပ်လေးကိုထုတ်လိုက်ကာစတိုင်ပန်အနက်လေးနှင့်တွဲဝတ်လိုက်သည်။အမြဲတမ်းဒီလိုပုံစုံလေးဘဲဝတ်သောသွင်ခက်ကပုံတုံးကြီးလို့လဲပြောလို့မရအောင်အရပ်မောင်းကလည်းအသင့်အတင့်ရှိနေသေးကာခန္ဓာကိုယ်ကလည်းသူ့နေရာနှင့်သူ အချိုးစားကျနေသည်။သွင်ခက်တစ်ယောက်ဆံပင်ဖြီးနေချိန်~~~~ဒူ...ဒူ....ဒူ.....
Ringtoneမထားတတ်သောသွင်ခက်ကVibrateဖြစ်သာဖုန်းသံကသာသူ့အတွက်အဆင်ပြေသည်။"Hello သော်တာ ပြော"
".......""အခုလား အေးအေးလာမယ် အဲ့မှာဘဲခနစောင့်"
"......."
YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤