Ep 32(Unicode)
ဒီနေ့ခွန်းစစ်ကရုံးပိတ်ရက်ဖြစ်၍အိမ်မှာရှိနေသည်။အလုပ်တွေများရင်Companyသွားမလို့ပြင်ထားပေမယ့်အလုပ်ကသိပ််မများတော့အိမ်မှာဘဲလုပ်မည်ဟုတွေးပြီးနေနေလိုက်သည်။ရတုတစ်ယောက်ဖိုင်တွေပေးကာပြန်သွားချိန်အိမ်တော်ထိန်းကဝင်လာပြီးဧည့်ခန်းတွင်ထိုင်နေသောခွန်းစစ်ကို
"သားခွန်းစစ် အိမ်ရှေ့မှာ သားသွင်ခက်လေးရဲ့
ဧည့်သည်ရောက်နေတယ်"အိမ်တော်ထိန်းကခွန်းစစ်ငယ်ငယ်ထဲကထိန်းလာတာဖြစ်၍သားခွန်းစစ်လို့သာခေါ်ခဲ့ကာအခုချိန်ထိလည်းဒီလိုသာခေါ်သည်။ခွန်းစစ်လည်းသွင်ခက်ရဲ့ဧည့်သည်ဆိုတာကြောင့်"ဟုတ်လား ဒါဆိုလည်းပေးဝင်လိုက်လေ"
"ဟုတ်ကဲ့"အိမ်တော်ထိန်းကပြန်ထွက်ကာသွားခေါ်ချိန်ခွန်းစစ်လည်းအပေါ်သို့တက်လာခဲ့သည်။"ခလေးရေ ခလေးရဲ့ဧည့်သည်ရောက်နေတယ်တဲ့"
"ဟင် ဟုတ်လား ဘယ်သူလည်းမသိဘူး" ကုတင်ပေါ်တွင်ခုချိန်လှဲနေသောလူသားလေးကြောင့်"ခလေးကထနိူင်လို့လား အောက်ကနာနေလား"
"လူကြီး ဘာတွေမေးနေတာလဲ တော်ပြီဖယ်"မျက်နှာလေးရဲကာစူပုပ်သွားသောကောင်လေးကြောင့်
"စေတနာနဲ့ကို ခလေးကခွေးစိတ်ပေါက်ပြန်ပြီ"ခွန်းစစ်အပြောကိုသွင်ခက်လက်သီးထောင်ပြကာကုတင်ပေါ်တွင်လှဲနေရာမှထလာပြီးခွန်းစစ်
နှင့်အတူတူအောက်သို့ဆင်းလာခဲ့သည်။အောက်ဆင်းလာချိန်ဧည့်ခန်းထဲတွင်ထိုင်နေသောသော်တာကြောင့်"ဟာသော်တာ ထူးဆန်းလိုက်တာငါ့အိမ်လာတယ်"
"အေး ဒီရက်ပိုင်းနင်ဆိုင်မလာလို့လေ ဘုန်းထက်ဆီကလိပ်စာတောင်းပြီးလာခဲ့တာ"သော်တာကသွင်ခက်ကိုသာပြောနေတာမျက်လုံးကတစ်ချက်တစ်ချက်ခွန်းစစ်ဆီသို့ရောက်ရောက်သွားသည်။"အေး ငါမအားလို့ပါဟာ ဪဒါက ခွန်းစစ်ပဏ္ဏာ တဲ့ငါ့ခင်ပွန်းလေ လူကြီးဒါက ဟို ဦးမိုးကောင်းရဲ့သမီးလေ သော်တာဝေဆိုတာ"
ခွန်းစစ်ကစဥ်းစားသလိုလုပ်ပြီးမှ
"ဪသိပြီ သိပြီ "ခွန်းစစ်ကဒီလောက်သာပြော၍သော်တာတစ်ယောက်ပြုံးလိုက်ကာ
YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤