Ep 46

1.7K 64 3
                                    

Ep 46(unicode)

ရောင်စုံမီးတွေကြားCompanyအသီးသီးက ပုဂ္ဂိုလ်တွေကပြည့်နှက်နေသည်။တချို့ကျတော့လည်းပါတီပွဲတွင်သမီးရှင်တွေကိုပွဲထုတ်ချင်၍သမီးတွေနှင့်အတူတက်ရောက်ကြသလိုတချို့တွေကလည်းဇနီးချောလေးတွေနှင့်တက်ရောက်ကြသည်။ခွန်းစစ်တစ်ယောက်မလာချင်သော်လည်းမျက်နှာပြရမည့်သူတွေဖြစ်နေ၍လာရသည်။ထိုအချိန်.......

"မောင်ခွန်းစစ်တစ်ယောက်တည်းလား"
"ဟုတ်ကဲ့ တစ်ယောက်ထဲပါ"ခွန်းစစ်လည်းအရှေ့ကလာနှုက်ဆက်သောလူတစ်ချို့အားပြန်နှုက်ဆက်လိုက်သည်။

"ဒါ ဦးလေးသမီး ကြယ်စင်တဲ့"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ကျွန်မလည်းတွေ့ရတာဝမ်းသာပါတယ်"ခွန်းစစ်တစ်ယောက်အရှေ့ကနေမပြီးနိူင်မစီးနိူင်သမီးတော်အားအမွှန်းတင်နေသောလူအားကြည့်ကာခေါင်းမူးလာ၍

"ဟုတ်ကဲ့ ကျွန်တော့်ကိုခွင့်ပြုပါအုန်း ဦးမိုးကောင်းကိုတွေ့ရအုန်းမှာမို့"
"ဟုတ်ကဲ့ပါဗျာ ကြွပါ"ခွန်းစစ်လည်းပြုံးပြလိုက်ပြီးအခုမှအသက်ရှူချောင်သွား၍လေပူတစ်ချက်မှုတ်ထုတ်ကာဦးမိုးကောင်းတို့နားသို့လာခဲ့လိုက်သဘ်။ဦးမိုးကောင်းတစ်ယောက်ခွန်းစစ်ကိုတွေ့သည်နှင့်

"ဟာ...လာပြီလား မောင်ခွန်းစစ်"
"ဟုတ်ကဲ့"
ဦးမိုးကောင်းလည်းခွန်းစစ်အားတခြားလုပ်ငန်းရှင်တွေနဲ့မိတ်ဆက်ပေးနေသည်။ခွန်းစစ်တစ်ယောက်ခေါင်းမူးလာ၍သန့်စင်ခန်းသို့ထွက်လာခဲ့သည်။ခဏအကြာသန့်စင်ခန်းမှထွက်လာချိန်

"ကိုခွန်းစစ် "အသံကြားသည်နှင့်ဘယ်သူမှန်းသိနေ၍ခွန်းစစ်တစ်ယောက်မော့ကြည့်လိုက်ကာ

"မသော်တာ ဘာကိစ္စများလဲ"
"အဟင်း ကိုခွန်းစစ်နဲ့သောက်ချင်လို့လေ"သော်တာတစ်ယောက်အပြုံးတစ်ချက်နှင့်လက်ထဲကဝိုင်နှစ်ခွက်ထဲမှတစ်ခွက်ကိုခွန်းစစ်ရှေ့သို့ကမ်းပေးလိုက်သည်။ခွန်းစစ်တစ်ယောက်သော်တာ့အားတစ်ချက်ကြည့်လိုက်ကာ

"တော်ပြီ ကျွန်တော်ပြန်တော့မှာမို့မသောက်တော့ပါဘူး"ခွန်းစစ်က​ပြောပြီးသည်နှင့်ထွက်သွားဖို့လုပ်ချိန်
"အဟက် ကိုခွန်းစစ်ကဘာတွေများတွေဝေနေတာလဲ ဝိုင်လေးဘဲကို"သော်တာ့စကားကြောင့်ခွန်းစစ်ခြေလှမ်းတို့ရပ်သွားကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Kde žijí příběhy. Začni objevovat