Ep 50

1.8K 62 0
                                    

Ep 50(Unicode)

ခွန်းစစ်တစ်ယောက်အိပ်ယာနိူးလာချိန်ဘေးသို့ကြည့်လိုက်တော့သွင်ခက်မရှိတော့သောကြောင့်ကုတင်ပေါ်မှဆင်းကာရေချိုးခန်းဘက်သို့လာခဲ့သည်။တံခါးကလည်းလော့မချထား၍သွင်ခက်ကိုအောက်ထပ်မှာဘဲဟုယူဆလိုက်သည်။

နာရီဝက်အကြာ

ခွန်းစစ်လည်းရေမိုးချိုးပြီး၍ပြန်ထွက်လာတော့ကုတင်ပေါ်တွင်ခေါင်းငုံ့ကာထိုင်နေသောသွင်ခက်ကိုတွေ့လိုက်ရသည်။ခွန်းစစ်လည်းသွင်ခက်နားသို့သွားကာ

"ခလေး ဘာဖြစ်နေတာလဲနေမကောင်းဘူးလား"
ခွန်းစစ်မေးသည့်တိုင်ခေါင်းမော့မလာသောသွင်ခက်ကြောင့်ခွန်းစစ်လည်းသွင်ခက်ဘေးနားသို့သွားထိုင်လိုက်ကာသွင်ခက်အားလက်ဖြင့်မေးဖျားမှကိုင်ကာမော့စေလိုက်သည်။

"ဟင် ခလေးငိုနေတာလား ဘာလို့"
"ဒါဘာလဲ ရှင်းပြပါအုန်း"သွင်ခက်ကသူ၏ညာဘက်လက်ထဲတွင်ကိုင်ထားသောအရာအားခွန်းစစ်ထံပေးလိုက်ကာခွန်းစစ်ကိုစူးစူးရဲရဲ
ကြည့်နေလေသည်။ခွန်းစစ်လည်းဘာလဲဆိုသောအတွေးဖြင့်သွင်ခက်ပေးသောအရာကိုကြည့်လိုက်တော့ကုတင်ပေါ်တွင်ကိုယ်နဲ့အိပ်နေသောအခြားအမျိုးသမီးတစ်ယောက်နောက်တစ်ပုံကိုကြည့်လိုက်တော့မျက်နှာကထင်ရှားကာသော်တာဝေဖြစ်နေသည်။
ခွန်းစစ်မျက်လုံးတို့ပြူးကျယ်သွားကာ

"ဒါမဟုတ်ဘူး ခလေး ကိုယ်ရှင်းပြမယ်"
"ဘာရှင်းပြမှာလဲ ဒီလောက်သိသာနေတာကို"
သွင်ခက်က ကုတင်ပေါ်မှထကာခွန်းစစ်ရှေ့တွင်ရပ်ကာပြောနေသည်။

"မဟုတ်ဘူးခလေး ဒါက...."
"ကျွန်တော်ကတော့လေ ခင်ဗျားပြန်မလာတဲ့နေ့တွေဆိုအရမ်းကိုစိတ်ပူနေတာ ခင်ဗျားကဖောက်ပြန်နေမှန်းမသိခဲ့လို့ပေါ့"

"မဟုတ်ဘူးခလေး"
"တော်ပြီ ကျွန်တော်မကြားချင်တော့ဘူး ကျွန်တော်တို့ကွာရှင်းမယ် "
"ဘာ မရဘူးခလေး ကိုယ်မကွာပေးနိူင်ဘူး"ခွန်းစစ်ကကုတင်ပေါ်တွင်ထိုင်နေရာမှချက်ချင်းပင်ထလိုက်မိသည်။

"ကျွန်တော်ကတော့ ခင်ဗျားလိုဖောက်ပြန်တဲ့သူနဲ့မပေါင်းနိူင်ဘူး"
"မရဘူးနော် ခလေး"
"ရတာမရတာခဗျားသဘောဘဲ"သွင်ခက်တစ်ယောက်ပြောပြီးသည်နှင့်အခန်းထဲမှထွက်သွားသည်။ခွန်းစစ်ကတော့မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ကာကုတင်ပေါ်တွင်သာထိုင်ချမိလိုက်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Tempat cerita menjadi hidup. Temukan sekarang